Part-55 (U+Z)

23.7K 1.7K 209
                                    

ဦးမြတ်ဟန်ကိုမြင်တော့ ကုတင်ခေါင်းရင်းတွင်ကိုယ်တစ်ပိုင်းမှီထိုင်နေသူကကပျာကယာထဟန်ပြင်လိုက်၏။ ဦးမြတ်ဟန်မှနေသာသလိုနေရန်လက်ဟန်ပြလိုက်ပြီး...

"သက်သာသလိုနေပါ ကိုနေလင်းမောင်...ခင်ဗျားကလူမမာပါ"

"ကိုမြတ်ဟန် ကျွန်တော်"

ဦးမြတ်ဟန် သူ့ကုတင်ဘေးကခုံမှာဝင်ထိုင်တော့လက်တွေကိုဆွဲကိုင်လာကာပြောစရာစကားရှာမတွေ့ဟန်ဖြစ်နေပုံရသောကြောင့် ဦးမြတ်ဟန် ဦးနေလင်းမောင်လက်များကိုပြန်လည်အုပ်ကိုင်လိုက်ပြီး နားလည်ပါတယ်ဆိုတဲ့သဘောဖြင့်ခေါင်းညိတ်ပြလိုက်လေသည်။

"ကျွန်တော့်မှာပြောစရာတွေအများကြီးဘဲ ပြီးတော့တောင်းပန်ချင်တာတွေလည်းအများကြီးဘဲ များလွန်းလို့ဘယ်ကဘယ်လိုစပြောရမှန်းတောင်မသိတော့ပါဘူးဗျာ..."

ယခုမချိတင်ကဲရေရွတ်နေသူဖြစ်နေမည့်ခံစားချက်ကို ဦးမြတ်ဟန်နားလည်ပါသည်။ ခံစား၍လည်းရပါသည်။

"အေးဆေးပြောပါ ကိုနေလင်းမောင်...ကျွန်တော်အခုလာခဲ့တာ ခင်ဗျားပြောသမျှနားထောင်ပေးဖို့ပါ အဲ့ဒီတော့အေးဆေးပြောပါ"

Heart attack သမားမို့စိတ်ကိုအေးအေးထားပြီးပြောဖို့လိုကြောင်းစကားထောက်ပေးလိုက်ရပါ၏။ ထိုအခါ ကုတင်ပေါ်မှလူကသူ့ကိုအုံ့အုံ့မှိုင်းမှိုင်းကြည့်နေရင်းမှရုတ်တရက်ဆိုသလိုပင်ကုတင်အောက်ဆင်းကာဒူးထောက်လေ၏။ ဦးမြတ်ဟန်လည်းအလျှင်အမြန်ပြောင်းလဲသွားသောအခြေအနေပေါ်ကြောင်ကြည့်နေမိပြီးမှ အသိဝင်လာရကာဒူးထောက်နေသူအားဆွဲထူလေ၏။

"ကျွန်တော်တောင်းပန်ပါတယ် ကိုမြတ်ဟန် ကျွန်တော်အများကြီးတောင်းပန်ပါတယ်ဗျာ..."

"ဟာ....ဟေ့လူ အဲ့လိုမလုပ်ပါနဲ့ ထစမ်းပါဗျာ!!"

လင်းထွဋ်ကတော့ပြုတ်ထွက်သွားသောဆေးပိုက်ကို အသည်းအသန်ပြန်ယူကာ ဦးနေလင်းမောင်လက်ဖျံထဲပြန်ထည့်ဖို့လုပ်နေလေသည်။

"အန်ကယ်ရဲ့ စိတ်မလှုပ်ရှားနဲ့...သွင်းရမယ့်ဆေးပမာဏတွေကမောက်ကမဖြစ်ကုန်ရင် ဒုက္ခရောက်ကုန်မယ်"

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now