Part - 4(U+Z)

50K 4.2K 800
                                    


"ဘုန်းပြည့်လေး...!"

သူ့မှတ်ဥာဏ်ထဲမှာစွဲထင်နေတဲ့ ညီလေးနဲ့ပတ်သက်တဲ့အရာလေးကအံ့ဩစရာကောင်းလောက်အောင် ထိုကောင်လေးမှာရှိနေခဲ့သည်။ ကြောင်ကြည့်နေတဲ့သူ့ကိုထိုကလေးလေးက ငေးကြောင်ကြောင်လေးပြန်ကြည့်လာသည်။ သူထိုကလေးနားလျှောက်သွားကာဘေးမှာဝင်ထိုင်လိုက်ရင်းသေချာကြည့်နေမိပြန်သည်။ သူ့မျက်စိရှေ့မှကောင်လေးသည် အဘယ်ကြောင့်ညီလေးနှင့်အလွန်တူနေရပါသနည်း။ သေချာတာကတော့ထိုကောင်လေးသည် သူ့ညီလေးမဟုတ်ပါ။ သူ့ညီလေးသည် ဘယ်တော့မှပြန်မလာနိုင်တော့မှန်းသူသိပါ၏။

သူ့အားသေချာပြန်ကြည့်နေသောကောင်လေးအားပြုံးပြလိုက်ပြီးနောက်...

"မင်းကဘာလို့ဒီမှာထိုင်ငိုနေရတာလဲ"

သူ့ကိုကြည့်နေသောကောင်လေးသည် ရေကန်ဘက်မျက်နှာပြန်မူလိုက်ပြီးဖြေလာသည်က...

"တနားရို့..."

"ဟင်...ဘယ်သူ့ကိုလဲ"

"နားရေးဒွေဂို..."

"ဟမ် ! ဘာကြီးကို"

ထိုကလေး၏မပီကလာပီကလာစကားလုံးတွေကိုသူနားမလည်ပါ။

"နား...နား ဖစ်ချစ် ဖစ်ချစ်"

"မင်းဘာပြောချင်တာလဲကွာ...မင်းရဲ့ဂြိုလ်သားစကားတွေငါနားမလည်ဘူး"

ထိုအခါအငိုတိတ်သွားပြီဖြစ်တဲ့ကောင်လေးက မျက်ခုံးတန်းပိစိလေးတွေကိုစုကျုံ့လိုက်ပြီး...

"နားပါရှို...ရေတန်ထဲမှာနေဒဲ့နားရေ ဒါရေးတောင်တိဝူးရား"

လက်ညှိုးသေးသေးလေးကရေကန်ကိုညွှန်ပြပြီးပြောလာတာကြောင့် ထိုကလေးဘာကိုပြောချင်သည်မှန်းသဘောပေါက်သွားရ၏။

"အော်...ငါးကိုပြောတာလား ဖစ်ရှ်ပါကွမင်းကလည်း..အေးလေ မင်းကကလေးဘဲရှိသေးတော့စကားဘယ်ပီပါ့မလဲ...ဒါနဲ့ ဘာလို့ငါးကိုသနားတာလည်း ပြောပါဦး"

"နားရေးဒွေချမ်းနေမှာချိုးရို့"

"ဟမ် !! ငါးကချမ်းတတ်တယ်လို့မင်းကိုဘယ်သူပြောတာလဲ"

"မနက်ဂ တားရေအချောရီးချိုးရဒါ...အချောရီးချိုးတော့အေးတယ်ရေ...အဲ့ဒါ နားရေးဒွေဂရေထဲမှာဘဲနေရတော့ပိုအေးနေမှာ တနားပါဒယ်"

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now