Part-61 (U+Z)

28.5K 1.7K 330
                                    

သုံးလခန့်ကြာပြီးချိန်မှာတော့ ကိုကို့ကျန်းမာရေးကအတော်အသင့်ကောင်းမွန်လာခဲ့ပြီဖြစ်သည်။ ရုံးပြန်တက်နိုင်နေပြီဖြစ်တဲ့ကိုကို့ဘေးမှာ သူတစ်ပတ်လောက်ထိအလုပ်တွေကူလုပ်ပေးပြီးတဲ့နောက်မှာတော့ ကိုကိုသည်သူ့တာဝန်ကိုယခင်လိုတစ်ယောက်
တည်းပြန်လုပ်နိုင်နေပြီဖြစ်သည်။ ထို့ကြောင့် ယခု ချမ်း,သူ့ရဲ့ဆေးရုံလေးဆီပြန်အခြေချနိုင်ခဲ့ပြီဖြစ်ပါသည်။

'ပျော်ရာမှာမနေ တော်ရာမှာနေ' ဆိုသလိုဘဲ သူ့အတွက် "ချမ်းဟန်"က ပျော်ရာရောတော်ရာရောဖြစ်သည့်အတွက် 'လူမှန်နေရာမှန်' ဆိုသောစကားသည်သူ့ဖို့အကြွင်းမဲ့ဖြစ်ပါ၏။ ယခင်အတိုင်းလေးရှိနေသော "ချမ်းဟန်" သည် သူအလုပ်ပြန်ဆင်းခါစကဆိုလျှင်မျက်ရည်များဝဲသည်အထိပြုစားနိုင်ခဲ့ပါသည်။ ၂နှစ်ကျော်ကင်းကွာခဲ့သောပတ်ဝန်းကျင်မှလေထုအား သူ့မှာရှုမဝနိုင်ခဲ့။ တစ်ဆက်တည်းမှာဘဲ သူ့အစားထိန်းသိမ်းပေးထားသော မေမေနဲ့အစ်ကိုလင်းထွဋ်ကိုလည်း ကျေးဇူးအထပ်ထပ်တင်မိရင်းပထမဆုံးအလုပ်ပြန်ဆင်းတဲ့ရက်က ပျော်စရာအတိဖြစ်ခဲ့ပါသည်။

ပြီးတော့ ဆေးရုံပြန်ရောက်ပြီးကတည်းကအကောင်အထည်ဖော်ဖြစ်ခဲ့သော အစီအစဉ်လေးသည် တစ်ပတ်အကြာတွင်တော့စတင်အသက်ဝင်လာပြီဖြစ်လေသည်။ စီစဥ်သူက ကျွန်တော်ဖြစ်ပြီးလုပ်အားပေးသူများကတော့ စီနီယာနဲ့ယောက်ျားမြင် role ခွဲချင်နေတဲ့မျက်လုံးများပိုင်ရှင် ခွါညိုခင် တို့ဖြစ်ပါ၏။

ခွါညိုတစ်ယောက် ကျွန်တော်မရှိတဲ့ ၂နှစ်အတွင်းဆေးရုံမှာဘာတွေများမွှေထားလည်းမသိနာမည်အသစ်တစ်ခုတောင်ရနေ၏။ ဆေးရုံမှဂျုနီယာတော်တော်များများ ခွါညို့ကိုပေးထားတဲ့နာမည်အသစ်က 'ဒေါက်တာဖူဂျီရာမ' တဲ့ဗျ။ သူတို့ပြောစကားအရတော့ ခွါညိုရဲ့အောင်သွယ်နိုင်စွမ်းက လက်နဲ့ထိရင်ရွှေပါတဲ့ဗျ။

(ဖူဂျီရာမ = ဖူဂျီတောင်)

အင်း...ကျွန်တော်ထင်ပါသည်။ အထက်တန်းကတည်းကထိုလောကထဲတစ်ကိုယ်လုံးပစ်ဝင်ထားသော ကျွန်တော့်သူငယ်ချင်းဒီတစ်သက်တော့အိမ်ထောင်ပြုဖို့လမ်းမမြင်ပါ။

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now