Part-33🚨 (Unicode)

69.9K 2.6K 889
                                    


ကုတင်ပေါ်လဲပြိုသွားသည့်ကောင်လေး။ရုတ်တရက်မို့ဘာဖြစ်သွားမှန်းမသိလိုက်။ ကုတင်ပေါ်မှာငြိမ်သက်သွားတဲ့ကောင်လေးကိုကြောင်ကြည့်မိနေတုန်း ရုတ်တရက်ဝင်လာသောအသိကြောင့်...

"ချမ်း.....!!!!!"

ကုတင်ပေါ်လွှားခနဲခုန်တက်ကာပွေ့ထူလိုက်ပြီး ပါးလေးကိုအုပ်ကိုင်ကာအဆတ်မပြတ်ခေါ်နေမိ၏။

"ချမ်း...ချမ်း...ဟာ ဒုက္ခဘဲ...ချမ်းလေး ချမ်း..."

လက်ထဲမှာပျော့ခွေနေတဲ့ကောင်လေးကလုံးဝပြန်ထူးမလာပါ။

(ဘာလို့သတိလစ်သွားရတာလဲ...မဟုတ်မှလွဲရောငါ့ဟာမြင်ပြီး..ဟာကွာ!...ကျွတ်...လန့်စရာလားချမ်း,ရာ international sizeကိုရုတ်တရက်ကြီးချွတ်ချပြလိုက်လို့များလား...ခွါညိုစုတ်နင်တော့လား!!!)

မနက်ကဘုန်းကြီးကျောင်းမှပြန်ခါနီး ချမ်း,သူငယ်ချင်းသုံးယောက်မိမိနားလာပြီး မုန့်ဖိုးကပ်တောင်း၏။ အလကားမပေးလို၍ချမ်း,မိမိကိုကြွေကျလာစေမည့်အကြံများပေးရန်ပြောလိုက်မိ
သည်။ ကောင်လေးနှစ်ယောက်ကတော့ သူ့တို့သူငယ်ချင်းကအေးအေးလေးမို့ romantic ဆန်ဆန်လေးပြုမူဖို့အကြံပေး၏။ သူငယ်ချင်းတွေကိုယောက်ျားလေးတွေလိုမြင်ပြီးပေါင်းတာမဟုတ်ဖူးဆိုသည့် မုဆိုးတစ်ပိုင်းမိန်းမရိုင်းကတော့မကြောက်မလန့်အကြံပေးရဲ၏။ ဘာတဲ့...တစ်ခါတည်းချွတ်ချပြလိုက်ကိုကြီးတဲ့...အေးတဲ့သူတော်တော်များများကသူတို့အပေါ်ကြမ်းပြရင်ကြိတ်သဘောကျတတ်တယ်ဆိုဘဲ...သူပြောတာပြောပါတယ်..ကြမ်းပြရင် အကြမ်းခံရတဲ့သူက..ဪ..သူကငါ့ကိုတော်တော်
ဖြစ်နေတာပါလား ဆိုပြီးကြိတ်ကြွေသွားရောတဲ့...ကိစ္စဝိစ္စပြီးမှရင်ခွင်ထဲထည့်ထားပြီးအမှန်အကန်ချော့ပေတော့တဲ့...အဲ့ဒီအခါကျရင် သူကမူနေလိမ့်မယ်တဲ့ ဒါပေမယ့်စိတ်ထဲမှာတော့အရမ်းတွေသဘောကျနေပြီဆိုပြီးပြောလာသည်။

(အေး...ဒီမှာမူတောင်မမူနိုင်တော့ဘူး...မေ့လဲသွားပြီ ခွါညိုရေ...တကယ်ပါဘဲ အဲ့ကောင်မလေးဘယ်လိုများဆရာဝန်ဖြစ်လာလည်းမသိဘူး)

ဘုန်းဟန် ပုဆိုးကိုပြန်ကောက်ဝတ်ကာ အဘထရှုဆေးဘူးပြေးယူ၏။ ထို့နောက် ရှိသမျှရှုဆေးအကုန်ယူလာကာ ချမ်း,အနားပြန်ရောက်လာပြန်သည်။ ရှုဆေးဘူးအဖုံးဖွင့်ကာနှာဝနားတေ့ပေး၏။ ယပ်တွေခပ်ပေး၏။ ရှုဆေးတစ်ဘူးနဲ့အလုပ်မဖြစ်တော့အမျိုးအစားမတူတာနှစ်ဘူးဖွင့်ပြီးနှာဝနှစ်ပေါက်နားတေ့ပေး၏။အခြေအနေထူးမလာ...ဘုန်းဟန် ချွေးပြိုက်ပြိုက်တော့ကျနေပါပြီ။ ချစ်ရတဲ့သူပေးတဲ့ပင်ပန်းမှုကြောင့်ကျတဲ့ချွေးတွေတော့မဟုတ်ပါ။

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now