💗 အပိုင်း 1💗

25.5K 389 3
                                    

Unicode:

🍒 Irreplaceable Love 🍒

💗 အပိုင်း 1 💗

ခရစ်နှစ် 1300 ပြည့်နှစ် ဒီဇင်ဘာလ 7 ရက်....

ဆီးနှင်းများကျဆင်း၍ ခိုက်ခိုက်တုန်အောင်ချမ်းအေးလွန်းသော ညတစ်ညတွင် ချွေးသံတရွှဲရွှဲနှင့် နာကျင်စွာအော်ဟစ်ညည်းညူနေရသော အမျိုးသမီး တစ်ယောက် .....

"သခင်မကြီး ..... နည်းနည်းလေးပဲ အားလေးထပ်စိုက်လိုက်ပါ ..... ကလေးက
မကြာခင် ထွက်လာတော့မှာပါ......အဲ့တာကြောင့် နည်းနည်းလေး.....တကယ်ကို နည်းနည်းလေးပဲ အားထပ်စိုက်ပေးပါ....."

မှိုင်းယောမြို့စားကတော် ဆောနိုမှာ မျက်နှာကျက်မှာချည်ထားသော တွဲလောင်းကျနေတဲ့ ကြိုးအဖြူ နှစ်စကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း နာကျင်စွာအော်ဟစ်ကာ နောက်ဆုံးအနေဖြင့် အားအကုန်ညှစ်ထုတ်လိုက်မိသည်.......

အူဝဲ......အူဝဲ..... အူဝဲ ......

နောက်ဆုံးမှာတော့ မွေးခါစကလေးတစ်ယောက်ရဲ့ ငိုသံဟာ မီးနေခန်းလေးအတွင်း ကျယ်လောင်စွာထွက်ပေါ်လာခဲ့ရသည်......

"မွေးပါပြီ သခင်မကြီး...... ဂုဏ်ယူပါတယ်.....သခင်မကြီးက မြို့စားမင်းအတွက် သားယောကျာ်းလေး မွေးဖွားနိုင်ခဲ့ပါပြီ....."

"သားလေး ..... သားလေးကို ငါ့ဆီ ပေးပါ.... "

မြို့စားကတော် ဆောနိုက ဖျော့တော့စွာ
ဖြင့်တောင်းဆိုတော့ အမျိုးသမီး သမားတော်က ကလေးကို သန့်စင်ပေးကာ နူးညံ့နွေးထွေးတဲ့ ပိုးသားအနှီးလေးနှင့် ထွေးပတ်လိုက်ပြီး ကလေးအမေဖြစ်တဲ့ မြို့စားကတော်ရဲ့ ရင်ခွင်ထဲသို့ ထည့်ပေးလိုက်၏......

သူမရင်ခွင်ထဲရောက်တာနှင့် ငိုသံလေးတိတ်သွားသော သားလေးကိုကြည့်ပြီး ဆောနို ပြုံးလိုက်မိသည်......

"ယောလေး အမေပါ...... အမေက မင်းရဲ့ အမေပါ ..... အခုလိုမျိုး ကျန်းကျန်းမာမာနဲ့ အမေ့ဆီကို ရောက်လာပေးခဲ့လို့ တကယ်ကျေးဇူးတင်ပါတယ် သားရယ် ....."

သားကိုယ်လေးကို ဖွဖွလေးပုတ်ကာ
ဆောနို စိတ်ထဲမှ ကျေးဇူးတင်စကားတို့ ဆိုလိုက်မိသည်......

💗 Irreplaceable Love 💗Where stories live. Discover now