💗 အပိုင်း 21 💗

4.6K 128 0
                                    

Unicode:

🍒 Irreplaceable Love 🍒

💗 အပိုင်း 21 💗

"ဒီတစ်ခွက်ပဲ သောက်လိုက်ပါ ခေါင်းဆောင်ရာ.....  မင်္ဂလာအရက်ဆိုတာ မငြင်းကောင်းဘူးလေ...."

"တော်ပြီလေ မိုးခဲရာ .... ခုဏကလဲ မင်းတို့ တိုက်တာတွေကို ငါသောက်ထားသေးတယ်....."

"ဒီတစ်ခွက်နောက်ဆုံးပါပဲ ခေါင်းဆောင်ရာ..... ဒီတစ်ခွက်သောက်ပြီးမှ မမလေးဆီ သွားနော်......"

"ဟုတ်ပါတယ် ခေါင်းဆောင်ရာ သောက်လိုက်ပါ....."

"ကျွန်တော်တို့က ခေါင်းဆောင်ရဲ့ လူပျို
ညအတွက် အထူးသီးသန့်စီစဥ်ထားတာ.... ဒီတစ်ခွက်လေးတော့ သောက်လိုက်ပါဗျာ....."

သူ့ကို ၀ိုင်းပြီးတိုက်ကြလျှင် ယော မငြင်းနိုင်တော့ဘဲ မိုးခဲလက်ထဲမှာရှိတဲ့ ခွက်ကို ယူကာ တစ်ကျိုက်ထဲ မော့သောက်ပစ်လိုက်ရသည်........

ထိုအခါ အရက်ရဲ့ စူးရှတဲ့အရသာက လည်ချောင်းတစ်လျှောက် ပူဆင်းသွားရ၏ ......

"တော်ပြီကွာ မင်းတို့ကောင်တွေ ငါ့ကို ဆက်မတိုက်နဲ့တော့ ..... ငါသွားတော့မယ်....."

"ကျွန်တော်တွဲပြီး လိုက်ပို့ပေးရမလား ခေါင်းဆောင် ....."

"မလိုပါဘူး ငါ အဲ့လောက်ထိ မူးတာမှ မဟုတ်တာ....... ငါ့ဟာငါ သွားမယ်....."

"ဒါဆို မမလေးနဲ့ အဆင်ပြေသာယာတဲ့ ညလေးကို ပိုင်ဆိုင်နိုင်ပါစေနော် ခေါင်းဆောင်......."

မိုးခဲက သူ့အနားကပ်ပြောလျှင် ယော မျက်နှာ ရှိန်းခနဲဖြစ်ကာ ထူပူသွားရပြီး မိုးခဲအား ခွေးကောင်ဟု ပြောကာ ပိတ်ထုရန်​လုပ်တော့ မိုးခဲက လျင်မြန်စွာဖြင့်ရှောင်ထွက်သွားသည်......

"ဟဲဟဲ...... ဒီတပည့်ကျော်ကြီးက စေတနာနဲ့ ဆုတောင်းပေးတာပါ ခေါင်းဆောင်ရဲ့ ...... မမလေးဆီသွားတော့လေ .....တော်ကြာမမလေး စောင့်နေဦးမယ်....."

ခုဏတုန်းကတော့ အရက်အတင်းတိုက်နေပြီးတော့ အခုမှ ညလေးဆီ အတင်းတွန်းပို့နေတဲ့ ကောင်တွေကို ယော ဘာမှ ပြန်မပြောနေတော့ဘဲ တစ်ချက်သာဘုကြည့်ကြည့်လိုက်ပြီး ညလေးရှိနေမည့် သူတို့ရဲ့ မင်္ဂလာအိပ်ခန်းဆီသို့ ခြေလှမ်းတွေကို ဦးတည်လိုက်သည်.......

💗 Irreplaceable Love 💗Where stories live. Discover now