💗 အပိုင်း 52 💗

2.3K 122 2
                                    

🍒 Irreplaceable Love 🍒

💗 အပိုင်း 52 💗

"အဲ့တာဆို ကြိုးကြိုးလေးက ခမည်းတော်နဲ့ မယ်မယ့်အတွက် လိမ္မော်သီးတွေကို နောက်ဆုံးမှ ယူလာခဲ့တာပေါ့ ဟုတ်လား "

ယော စိတ်မကောင်းဖြစ်ချင်ဟန်ဆောင်ပြီး မေးလိုက်လျှင် သမီးက သူ့ပါးပြင်နှစ်ဖက်ကို လက်သေးသေးလေးနဲ့ အုပ်ကိုင်လာပြီး သူမလေးရဲ့ မျက်နှာသေးသေးလေးကို ကြည့်စေသည်။

"နောက်ဆုံးမှ ယူလာတော့ အများကြီးစားရတာပေါ့ ဟုတ်ဘူးလား ခမည်းတော်
ရဲ့ "

အဖေဖြစ်သူ စိတ်မကောင်းဖြစ်သွားမှန်းသိ၍ ပြန်ချော့လာသည့် သမီးလေးကို ကြည့်ပြီး ညလေး သဘောကျလွန်းလို့ အသံထွက်ပြီးရယ်လိုက်မိသည်။

"အဟွန်း အဲ့လိုလား ..... ဒီလိုဆိုတော့လဲ ခမည်းတော်ရဲ့ မင်းသမီးလေးက တကယ်ကို ခမည်းတော်တို့အတွက် စဥ်းစားပေးထားတာပဲ .... "

ယော ထိုသို့ပြောတော့ သမီးက ယောရဲ့ လည်တိုင်ကို ဖက်တွယ်ထားလျက်ဖြင့် တခစ်ခစ်ရယ်သည်။

"ခမည်းတော် "

"ဗျာ "

"ကြိုးကြိုး တိုးတိုးလေး ပြောစရာရှိလို့ ခမည်းတော်ရဲ့ ခေါင်းလေးကို နည်းနည်းလေး ရှေ့တိုးပေးပါလား "

သမီး​တောင်းဆိုတဲ့အတိုင်း ယော ခေါင်းကိုရှေ့တိုးပေးလိုက်တော့ သမီးက လက်ခုပ်လေးအုပ်ကာ သူ့ရဲ့ နားထဲသို့ တိုးတိုး တိုးတိုးပြောလာသည်။

"ကြိုးကြိုး ယူလာပေးတဲ့ လိမ္မော်သီးလေးတွေကိုလေ ခမည်းတော်က အခွံနွှာပြီး မယ်မယ့်ကို ခွံ့ကျွေးလိုက်နော်....အဲ့လိုဆို မယ်မယ်က ခမည်းတော်ကို အများကြီးချစ်သွားမှာ "

သမီးရဲ့ စကားလေးကြောင့် ယောမှာ
တဟွန်းဟွန်းရယ်မိသည်။

"ဟုတ်လား အများကြီးချစ်သွားမှာလား.... သေရောသေချာရဲ့လား သမီးရဲ့ "

သေချာရဲ့လားဆိုသည့် သူ့ရဲ့ မေးခွန်းကို သမီးက လေးလေးနက်နက်ရှိသောမျက်လုံးတောက်တောက်လေးတွေဖြင့် အားတက်သရောထောက်ခံလာပြီး ခေါင်းလေးကိုလဲ ဆက်တိုက်ငြိမ့်ပြ၏။

💗 Irreplaceable Love 💗Where stories live. Discover now