💗 အပိုင်း 48 💗

2.4K 107 3
                                    

🍒 Irreplaceable Love 🍒

💗 အပိုင်း 48 💗

တော်၀င်မိသားစုအတွက် အိမ်တော်မို့ ကြီးကြီးမားမား ဆောက်လုပ်ခဲ့ခြင်းကိုပင် အခုချိန်မှာ ယော နောင်တရချင်လာ၏။ ထို့ကြောင့် သားဆီ မြန်မြန်ရောက်အောင် ပြေးပဲသွားလိုက်တော့သည်။

သားဆီရောက်တဲ့အချိန်မှာတော့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရင်ထဲမှာ သားအတွက်စိုးရိမ်ပူပန်မှုတွေ ချက်ချင်းကို ကြီးစိုးသွားခဲ့ရ၏။

နက်စွေးနေသော ၀တ်စုံများနှင့် လူတစ်စုမှာ မျက်လုံးတစ်၀ိုက်နေရာကိုပဲ ဖော်ပြထားပြီး လက်ထဲမှာလဲ ဓားများကိုင်ထားလျက်ဖြင့် သားကို ၀ိုင်းထားကြသည်။

သားအတွက်စိုးရိမ်ပူပန်မှုတွေနဲ့အတူ တစ်ဆက်ထဲမှာပဲ သူ့ရင်မှဖြစ်တည်ရတဲ့သွေးသားကို ဘယ်သူကများ လုပ်ကြံ၀ံ့တာလဲဆိုပြီး အရှိန်မထိန်းနိုင်တော့သော ဒေါသအဟုန်ဟာ ယောရဲ့ ရင်တွင်းမှာ ပေါက်ကွဲကန်ထွက်လာရသည်။

"အခုချက်ချင်း မင်းတို့လက်ထဲက ဓားတွေကို ချထားလိုက်စမ်း..... ရာရာစစ မိုင်းယန်းရဲ့ အိမ်ရှေ့စံကို လုပ်ကြံဖို့ ကြံစည်၀ံ့တယ်ပေါ့ "

"ခမည်းတော် "

သူ့ကို မြင်တာနဲ့ သားရဲ့ မျက်နှာလေးဟာ ချက်ချင်းဆိုသလို ၀င်းလက်သွားခဲ့သည်။ သားလေး ဘယ်လောက်တောင်ထိတ်လန့်နေရှာမလဲ။

ရုတ်တရက် ဟိန်းထွက်လာသော ယောရဲ့ အသံကြောင့် အနက်ရောင်နဲ့ လူတစ်စုမှာ အာရုံပြောင်းကာ သူ့ဆီ ပြေးလာကြသည်။

ယောမှာ လက်ထဲဘာလက်နက်မှမရှိပေမယ့် သားဇောကြောင့် လက်ဗလာနဲ့ပဲ ထိုလူတွေအား တိုက်ခိုက်ကာ သူ့ဆီပြေး၀င်လာသောကောင်ရဲ့ ရင်၀ကို အားနဲ့ ပိတ်ကန်ပစ်လိုက်သည်။ ထို့နောက်သူ့ကန်ချက်ကြောင့် မြေပြင်ပေါ် လဲကျသွားတဲ့ ကောင်ဆီမှ ဓားကို ဆွဲယူလိုက်၏။

"ခမည်းတော် "

သားလေးရဲ့ စိုးရိမ်တကြီး အော်ခေါ်သံကို ကြားလျှင် သားလေးကို ယောလှည့်ကြည့်လိုက်ပြီး မစိုးရိမ်ဖို့ လှမ်းပြောရသည်။

"သား အဲ့မှာပဲနေ ခမည်းတော် အနားကို
မလာခဲ့နဲ့ ...."

သူ့ဆီကျရောက်လာတဲ့ ဓားချက်တွေအားလုံးကို လက်ထဲမှဓားတစ်ချောင်းထဲနဲ့ ယောခုခံလိုက်သည်။

💗 Irreplaceable Love 💗Where stories live. Discover now