💗 အပိုင်း 63 💗

2K 88 0
                                    

🍒 Irreplaceable Love 🍒

💗 အပိုင်း 63 💗

"ကိုကိုကြီး ကြိုးကြိုးကြောက်တယ် "

သူမလေးက ငိုသံလေးရောယှက်နေသော အသံသဲ့သဲ့လေးဖြင့် ကြောက်ရွံ့ကြောင်း ဆိုလာလျှင် အကြောက်​ပြေအောင် ကျောပြင်သေးသေးလေးအား မာန်ပွတ်သပ်ပေးလိုက်သည်။

"ကိုကိုကြီး ရှိတယ်နော်....ဘာမှ မကြောက်နဲ့ "

သူမလေးအား မကြောက်နဲ့ဟု ခပ်တိုးတိုးပြောလိုက်ရပေမယ့် တကယ်တမ်းကျတော့ သူကိုယ်တိုင်လဲ ထိုအစောင့်သုံးယောက်အား ဘယ်လိုရင်ဆိုင်သင့်လဲဆိုတာ မာန် မသိပေ။

ထွက်ပြေးလို့လဲ လွတ်နိုင်ချေမရှိ။ ပြန်ပြီးခုခံရအောင်လဲ ၃ယောက် ၁ယောက်ဖြစ်နေသည့်အပြင် သူ့ပခုံးက ဒဏ်ရာကလဲ ရှိနေသေး​တာကြောင့် ဘယ်လိုမှ အင်အားကမမျှပေ။

"ဟေ့ကောင်တွေ ဘာလုပ်နေတာလဲ ... အဲ့ဒီကလေးနှစ်ယောက်ကို ပြန်ဖမ်းကြလေကွာ.....ချီးထဲမှပဲ သူတို့လွတ်သွားရင် ငါတို့သေမှာကွ ...."

အစောင့် ၃ယောက်မှာ တစ်ယောက်ကိုတစ်ယောက် သတိပေးပြီး သူတို့အား တစ်ဖန် ပြန်ဖမ်းချုပ်ဖို့ ပြင်လာလျှင် ပွေ့ချီထားတဲ့ သူမလေးကို မာန်ချက်ချင်း အောက်သို့ချပေးကာ ထိုအစောင့်တွေကိုပြန်လည်ခုခံမိသည်။

မာန် ထင်သည့်အတိုင်း အင်အားက ဘယ်လိုမှ မမျှပေ။ သူ့ပခုံးမှ ဒဏ်ရာက ပြန်ပြီး သွေးထွက်လာကာ သူ့ကို အစောင့်တစ်ယောက်က နောက်ကနေ ဖမ်းချုပ်ထားလိုက်နိုင်၏ ။ ကျန်တစ်ယောက်ကလဲ နောက်ထပ်တစ်ကြိမ်ထွက်မပြေးရဲအောင် သူ့၀မ်းဗိုက်အား အကြိမ်ကြိမ်ထိုးနှက်လေသည်။

ကိုကိုကြီးကို လူဆိုးကြီးတွေက ဖမ်းချုပ်ပြီး ထိုးနေကြတာကို မြင်လျှင် ကြိုးကြိုး ထိတ်လန့်ပြီး ရှိုက်ကြီးတငင်ငိုမိတော့၏။

"အီး ကိုကိုကြီးကို မလုပ်ကြပါနဲ့.... ကြိုးကြိုးတောင်းပန်ပါတယ် .... ကြိုးကြိုးတို့ ထွက်မပြေးတော့ပါဘူး.... အထဲမှာပြန်၀င်နေပါ့မယ်.... ကိုကိုကြီးပါးစပ်ထဲကနေ သွေးတွေထွက်နေပြီ.... ကိုကိုကြီးကို ထပ်မထိုးကြပါနဲ့တော့..... အီး ကြိုးကြိုး တောင်းပန်ပါတယ် "

💗 Irreplaceable Love 💗Where stories live. Discover now