💗 အပိုင်း 73 💗

2.4K 119 1
                                    

🍒 Irreplaceable Love 🍒

💗 အပိုင်း 73 💗

"အီး....ဟီး .... ကြိုးကြိုး အစ်ကိုတော်ကို မုန်းတယ် .... မချစ်တော့ဘူး...."

"မငိုပါနဲ့ မင်းသမီးလေးရယ်.... အရှင့်သားက မင်းသမီးလေးကို ကောင်းစေချင်တဲ့စိတ်နဲ့ ပြောခဲ့...."

"မဟုတ်ဘူး.... မဟုတ်ဘူး.... အစ်ကိုတော်က ကြိုးကြိုးကို ကောင်းစေချင်တဲ့ စိတ်နဲ့ ဆူခဲ့တာမဟုတ်ဘူး....ကြိုးကြိုးကို အစ်ကိုတော်က မချစ်တော့လို့ ဆူခဲ့တာ....
အဲ့တာကြောင့် ကြိုးကြိုးလဲ အစ်ကိုတော်ကို မချစ်တော့ဘူး....."

မင်းသမီးလေးကြိုးကြိုးမှာ အစ်ကိုဖြစ်တဲ့ အရှင့်သားအဆောင်တော်မှ ငိုယိုပြီး ပြန်ထွက်လာကာ အကျိုးအကြောင်းကို တိုင်ပြောရန် မင်းကြီးနဲ့ မိဖုရားခေါင်ကြီးတို့ နန်းဆောင်ဆီ ရောက်သွားခဲ့ပေမယ့်လဲ မင်းကြီးနဲ့ မိဖုရားခေါင်ကြီးက နန်းဆောင်မှာ ရှိမနေခဲ့တာကြောင့် ကိုယ့်အဆောင်တော်ကိုပဲ ပြန်ရောက်လာရပြီး အခုလို ခုတင်ပေါ်မှာ ၀မ်းလျားထိုးကာ အော်ငိုနေခြင်းဖြစ်၏။

လီလီမှာလဲ အရှင့်သားဆီမှ ဥပေက္ခာပြုသောစကားတို့ ကြားရပြီး နှလုံးသားလေး နာကျင်နေရမည့်အစား မင်းသမီးလေး ငိုတာကို ချော့ဖို့အတွက်ပဲ စိတ်အားထက်သန်နေမိသည်။

"မငိုပါနဲ့ မင်းသမီးလေးရယ် .... အရှင့်သားကိုလဲ စိတ်မဆိုးပါနဲ့တော့....."

"ဆိုးတယ်....ဆိုးတယ် အစ်ကိုတော့်ကို ကြိုးကြိုးအများကြီး စိတ်ဆိုးတယ်....
တကယ်ဆို ကြိုးကြိုးပြောတာ ဘာမှားလို့လဲ.... တကယ်လဲ အစ်ကိုတော်ကို မမလီလီကလွဲပြီး ဘယ်မိန်းကလေးနဲ့မှ ကြိုးကြိုးက သဘောမတူနိုင်ဘူးလေ....."

"မင်းသမီးလေး...."

လီလီမှာ မင်းသမီးလေးကို အလျင်စလို တားဆီးမိသည်။

အမှန်တိုင်း၀န်ခံရလျှင် အရှင့်သားက သူမဘ၀ကို စပြီး ကယ်တင်ခဲ့တဲ့ အချိန်ထဲက အရှင့်သားအပေါ်မှာ သူမခံစားချက်တို့ စပြီးဖြစ်တည်မိခဲ့တာပါ။

ဒီကြားထဲမှာ မင်းသမီးလေး အခုလိုပြောတိုင်းလဲ သူမကျိတ်ပြီး ကျေနပ်ခဲ့ဖူးသည်။

💗 Irreplaceable Love 💗Where stories live. Discover now