💗 အပိုင်း 3 💗

4.5K 188 1
                                    

Unicode:

🍒 Irreplaceable Love 🍒

💗 အပိုင်း 3 💗

"ညပိုးရုံ..... ညပိုးရုံ ..... "

မှိုင်းယောမြို့စား အိမ်တော်မှ အဆောင်သစ်သို့ ပြောင်းနေရပြီးနောက် သခင်လေးနဲ့ ညလေးတို့ ကျောင်းမှာသာ တွေ့ဖြစ်ကြတော့သည်......

ဒီနေ့တော့ ကျောင်းပိတ်ရက်ဖြစ်တာမို့ အခန်းထဲမှာ ညလေး တစ်ယောက်ထဲ စာဖတ်နေတုန်းမှာ သခင်လေးရဲ့ အသံကို ကြားလိုက်ရတာ​ကြောင့် နားကြားများ မှားတာလားဆိုပြီး ထင်သွားမိသည်......

"ညပိုးရုံ ...... ညပိုးရုံ......"

ဟော ထပ်ကြားရပြန်ပြီ ...... ဒီတစ်ခါတော့ သခင်လေး အသံ သေချာနေတာမို့
ညလေး အခန်းအပြင်ကို​ ပြေးထွက်လိုက်တော့ တကယ်ပဲ သခင်လေးက အဆောင်တော်ရဲ့ ခြံ၀န်းထဲမှာ ရောက်နေသည်......

"သခင်လေး ......"

နက်ပြာရောင် ပိုးသား၀တ်စုံလေးနဲ့ သခင်လေးက လက်ထဲမှာလဲ သဇင်ပန်းတွေ အများကြီးကိုကိုင်ထားပြီး ညလေးအား ပြုံးပြနေသည်.....

ပြီးတော့ တစ်ကိုယ်လုံးမှာလဲ ချွေးတွေစိုရွှဲလျက်......

"သခင်လေး ..... ဘယ်ကနေဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲဟင်......"

"အဟမ်း..... ဒီမှာလေ သဇင်ပန်းတွေ အရမ်းလှလို့ မင်း ပန်လို့ရအောင် ကိုယ်တိုင်ခူးပြီး လာပေးတာ......"

"သဇင်ပန်းဆိုတာက မှိုင်းယောမှာဆို သခင်လေးတို့ မျိုးရိုးက မိန်းကလေးတွေပဲ ပန်ခွင့်ရှိတဲ့အရာမဟုတ်လား.....ဒါကို
ကျွန်မက ဘယ်လိုလုပ်ပြီး ..... "

"မင်းက တစ်ချိန်မှာ ငါနဲ့ ပတ်သက်ရမယ့် ဇနီးလောင်းပဲလေ ..... အဲ့တာကြောင့် မင်း ပန်လို့ ဖြစ်ပါတယ်..... ဘာလဲ မဟုတ်မှ မင်း သဇင်ပန်းကို မကြိုက်လို့လား ...... "

သခင်လေးက စိုးရိမ်တကြီးမေးလာတော့
ညလေး ပြာပြာသလဲဖြင့် ခေါင်းခါလိုက်မိပြီး .....

"မဟုတ်ပါဘူး သခင်လေးရဲ့ ......ကျွန်မ အရမ်းကြိုက်ပါတယ်..... ဒီလို အဖိုးတန်တဲ့ ပန်းမျိုးကို ကျွန်မအတွက် သခင်လေးကိုယ်တိုင် ခူးလာပေးတယ်ဆိုတော့ ကျေးဇူးတင်စကားကို ဘယ်လိုပြန်ပြောရမလဲ မသိလို့ပါ .......

💗 Irreplaceable Love 💗Where stories live. Discover now