💗 အပိုင်း 38 💗

3K 106 0
                                    

Unicode:

🍒 Irreplaceable Love 🍒

💗 အပိုင်း 38 💗

"ကိုယ်တော်က စကားဆို ပွင့်ပွင့်လင်းလင်း​ပဲ ပြောတတ်တာမို့ ဒီလို မေးရတာ စိတ်တော့မရှိပါနဲ့..... နမ်ဖိုသခင်ကြီးအနေနဲ့ ကိုယ်တော့်အပေါ်ကို ဒီလောက်ထိ ကောင်းပေးနေတာဆိုတော့ ကိုယ်တော့်ဆီက ဘာများတောင်းဆိုချင်လဲ "

"မင်းကြီးက ကျွန်တော်မျိုး ကြားထားတဲ့ သတင်းတွေအတိုင်း တကယ်ပဲ စကားပြော ပွင့်လင်းလွန်းတာပဲ.... ကျွန်တော်မျိုးတောင်းဆိုတာကို မင်းကြီး အလွယ်တကူပဲ လိုက်လျောနိုင်မှာပါ.... "

"ပြောကြည့်မှ ကိုယ်တော်က လိုက်လျောပေးနိုင် မပေးနိုင်ဆိုတာ သိရမှာမလား "

"အဲ့တာက မိုင်းယန်းနန်းတော်ရဲ့ အနောက်ဆောင်မှာ ဘယ်မိဖုရားမှ မရှိဘူးလို့ ကျွန်တော်မျိူး ကြားသိရပါတယ် ... အဲ့တာကြောင့် မင်းကြီးထံမှာ ကျွန်တော်မျိုးရဲ့ သမီးတော်လေးကို ဆက်သခွင့်ပြုပါ..... အရှင်မင်းကြီးအတွက် မိဖုရားခေါင်ကြီး အပြင် အနောက်ဆောင်မိဖုရားတစ်ပါး ပါရှိထားတော့ ပိုပြီး သင့်တော်မယ် ထင်ပါတယ် "

နမ်ဖိုသခင်ကြီး စကားကြောင့် ယောရော အမတ်ချုပ်ကြီးပါ အံ့သြဆွံ့အသွားကြရ၏။

သူ့အပေါ်ကျေးဇူးပြုထားခဲ့၍ တစ်ခုခုတော့ ပြန်ပြီး တောင်းဆိုလာမယ်ဆိုတာ ယော ကြိုတွေးထားပြီးသားပေမဲ့ ဒီလောက်ထိ အတင့်ရဲလွန်းပြီးတောင်းဆို
လိမ့်မယ်ဟုတော့ ဘယ်လိုမှ မထင်ထားခဲ့တာဖြစ်သည်။ 

သူက ညလေး အပြင် နောက်ထပ်မိန်းမ တစ်ယောက်ကို ထပ်ယူပြီး အနောက်ဆောင်မိဖုရားနေရာကို ပေးရမယ်တဲ့လား.....

အဟက် ... ဘယ်လိုတောင်ရယ်စရာ မကောင်းလိုက်တဲ့ ဟာသလဲ...

ဂိုဂူလျောဆိုတဲ့ နိုင်ငံကြီးနဲ့ သူ့ကို မက်လုံးပေးပြီး အာဏာရယူချင်နေတဲ့ သူတို့ရဲ့ အတွင်းစိတ်ကို သိသွားရပြီမို့
အရင်လိုစိတ်နဲ့သာဆိုရင် ချက်ချင်း မောင်းထုတ်ပစ်လိုက်မှာ မှန်ပေမယ့် အခုကတော့ သူ့အပေါ်ကျေးဇူးပြုပေးထားခဲ့တာကို ထောက်ရှုပြီး နမ်ဖိုသခင်ကြီးဆိုသူရဲ့ မျက်နှာကို ယော သေချာကြည့်လိုက်ကာ ......

💗 Irreplaceable Love 💗Where stories live. Discover now