💗 အပိုင်း 12 💗

3.5K 139 0
                                    

Unicode:

🍒 Irreplaceable Love 🍒

💗  အပိုင်း 12  💗

"ကျွန်တော့်ကို အခွင့်အရေးလေး ထပ်ပေးလို့ မဖြစ်ဘူးလားဟင်......"

"ကျွန်မ ရှင့်ကို ဘယ်လိုထပ်ပြီး ယုံကြည်ရမှာလဲ ......"

မမလေး အဖြေကြောင့် ယော စိတ်ထဲ ပျော်ရွှင်သွားရပြီး ......

" လူကို မယုံရင်တောင် နှလုံးသားကိုတော့ မမလေး ယုံကြည်နိုင်မယ်ထင်ပါတယ်.....
ကျွန်တော့်ဦးနှောက်က အတိတ်က ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ဘာမှ မမှတ်မိပေမယ့် နှလုံးသားကတော့ မမလေး တစ်ယောက်ထဲကိုပဲ မပြောင်းလဲဘဲ ဆက်ချစ်မိနေတုန်းပါပဲ ....."

ယော မမလေးရဲ့ လက်ချောင်းလေးတွေကို ဆွဲယူကာ တဒိတ်ဒိတ်ခုန်နေသော နှလုံးသားရှိရာ ၀ဲဘက်ရင်အုံမှာတင်ပေးလိုက်တော့ မမလေးက ရှက်သွားဟန်ဖြင့် မျက်လွှာလေးချသွားသည်......

"ကျွန်တော့်ကို မယုံရင်တောင် ကျွန်တော့်နှလုံးသားလေးကိုတော့ ယုံကြည်ပေးလို့ မဖြစ်ဘူးလားဟင်......"

"........."

"မမလေး......"

သူ့ခေါ်သံကြောင့် မမလေး ပြန်ပြီး မော့ကြည့်လာတဲ့အချိန်မှာ နှင်းဆီပွင့်ဖတ်လေးတွေလို နီမြန်းစုထွေးနေတဲ့ နှုတ်ခမ်းပါးလေးပေါ် သူ့ရဲ့ နှုတ်ခမ်းတွေကို ယော ထပ်တူကျစေမိလိုက်သည်......

မထင်မှတ်ထားတဲ့ သခင်လေးရဲ့ အပြုအမူကြောင့် ညလေး လက်သီးလေးတွေ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိ၏.....

သခင်လေးရဲ့ လက်တွေက သူမကိုယ်လုံးလေးကို မရုန်းသာအောင် ပွေ့ဖက်ထားနေရာကနေ မျက်နှာလေးကို ပြောင်းကိုင်ပြီး အနမ်းတွေကို ပိုပြီးသိပ်သိပ်သည်းသည်း ဖြစ်စေသည်.....

စက္ကန့်ပိုင်းမှသည် မိနစ်ပိုင်းသို့ ပြောင်းရွှေ့လာခဲ့ပြီးမှ သခင်လေးက သူမ နှုတ်ခမ်းလေးအား လွှတ်ပေးသည်.....

ရှက်သွေးဖြာကာ သခင်လေးအား မော့ကြည့်မိတော့ သခင်လေးက သူမအား ပြန်ပြီးရွှန်းရွှန်းစိုစို စိုက်ကြည့်နေ၏.......

သခင်လေးအကြည့်တွေကြောင့်ရင်ဖိုလာရတာရော ခုဏက အသက်ရှူမ၀ခဲ့တာရောကြောင့် ညလေး ရင်ဘတ်ကလေး လှိုက်ဖိုတဲ့အထိ အသက်ကိုရှူနေတုန်းမှာပဲ သခင်လေး နှုတ်ခမ်းတွေက နောက်တစ်ကြိမ်ထပ်ပြီး ငုံ့ကျလာသည်.......

💗 Irreplaceable Love 💗Where stories live. Discover now