💗 အပိုင်း 71 💗

2.4K 118 1
                                    

🍒 Irreplaceable Love 🍒

💗 အပိုင်း 71 💗

"အဲ့ဒီအပြစ်သားတွေက ငါတို့တိုင်းပြည်ရဲ့ မင်းသမီးလေးကို ဖမ်းဆီးသွားပြီး ကျိန်စာအငြှိုးတွေနဲ့ ငါတို့တိုင်းပြည်ကိုပါ ပျက်စီးအောင်လို့ ကြံရွယ်ခဲ့တဲ့သူတွေပဲ .....အဲ​ြတော့ အရှင်မင်းကြီးက ဒီလူတွေကို ပြစ်ဒဏ်မစီရင်ခံမှာ ငါတို့က ကြိုပြီး အပြစ်ပေးသင့်တယ်လို့ မထင်ဘူးလား....."

သူတို့အရှင်မင်းကြီးရဲ့ အောင်မြင်မှုကို ချီးကျူးဂုဏ်ပြုရန်စောင့်ကြိုနေကြသော တိုင်းသူပြည်သားများမှာ အပြစ်ဒဏ်စီရင်ဖို့ ဖမ်းဆီးခေါ်ဆောင်လာသည့် အပြစ်သားသုံ့ပန်းတွေကို မြင်တာနဲ့ လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။

ထို့ကြောင့် တစ်ယောက်က ရှေ့မှဦးတည်ပြီး တိုင်ပေးလိုက်သည်နှင့် နောက်မှလူအုပ်ကြီးက တစ်ခဲနက် ထောက်ခံအားပေးလာကြသည်။

"ဒါဆို အဲ့ဒီအပြစ်သားတွေကို ၀ိုင်းပြီး ငါတို့ အပြစ်ပေးကြတာပေါ့.... ခဲနဲ့ ၀ိုင်းပေါက်ကြဟေ့ !!! "

ရှေ့ဆုံးမှတစ်ယောက်ရဲ့ ဦးဆောင်မှုနဲ့အတူ တိုင်းသူပြည်သားများမှာ နွားလှည်းဖြင့် ခေါ်ဆောင်လာခဲ့သည့် သစ်လုံးထောင်အတွင်းမှ အပြစ်သားသုံးယောက်ကို ၀ိုင်းပြီး ခဲတွေနဲ့ ပစ်ပေါက်ကြသည်။

ဟို၃ယောက်အား ခဲတွေနဲ့ ၀ိုင်းပေါက်နေကြသည့်တိုင်းသူပြည်သားတွေရဲ့ ဒေါသအရှိန်ကို  မြင်ပြီးနောက် ယော သက်ပြင်းအသာချမိသွားရသည်။

စောမာန်ကတော့ မျက်လုံးတွေကို မှိတ်ထားမိပြီး သူ့အပေါ်ကျရောက်လာသည့် လူအုပ်ကြီးရဲ့ ဒေါသနဲ့ အမုန်းတရားတို့ကို ငြိမ်သက်စွာ ခံယူနေမိသည်။ ဒါဟာ ကျိန်းသေပေါက် သူနဲ့ ထိုက်တန်တဲ့ အရာတစ်ခု မဟုတ်လား ။

နဖူးတည့်တည့်ကို လာပြီးထိမှန်သည့် ခဲလုံးရဲ့ အရှိန်နဲ့ ပူထူသွားရကာ သွေးတွေစီးကျလာသောခံစားချက်ကြောင့် နှောင်းချိုရီ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိပြီး နာကျင်မှုကို တောင့်ခံမိ၏။

သူမဘ၀ရဲ့ နောက်ဆုံးအချိန်ဟာ အခုလိုအဖြစ်အပျက်မျိုးနဲ့ အဆုံးသတ်ရလိမ့်မည်ဟု နှောင်းချိုရီ ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။

💗 Irreplaceable Love 💗Where stories live. Discover now