💗 အပိုင်း 59 💗

2.1K 109 2
                                    

🍒 Irreplaceable Love 🍒

💗 အပိုင်း 59 💗

"ညလေး ... သတိရလာပြီလားဟင်....ညလေး ကိုယ့်ကို ကြည့်ပါဦး ...."

ညလေး မျက်လုံးတွေ ပြန်ဖွင့်နိုင်တဲ့ အချိန်မှာပဲ နားထဲမှာ ယောရဲ့ စိုးရိမ်တကြီး စိတ်ပူနေတဲ့အသံကို ကြားလိုက်ရသည်။

"အခု ဘယ်လိုနေသေးလဲဟင် ... နှလုံးက အရမ်းအောင့်နေသေးလား .... သမားတော် ဒီကိုလာပြီး အမြန်စမ်းသပ်ပေးပါဦး "

"ဟုတ်ကဲ့မင်းကြီး "

ယောရဲ့ အမိန့်ကြောင့် သမားတော်ကြီးက
သူမရဲ့ လက်ကောက်၀တ်မှ သွေးကြောကို လာပြီး စမ်းသပ်သည်။

ခဏအကြာစမ်းသပ်ပြီးသွားမှ ....

"မိဖုရားခေါင်ကြီးက ပြင်းထန်တဲ့ စိတ်လှုပ်ရှားစရာ အခြေအနေတစ်ခုကို ကြုံလိုက်ရတာကြောင့် နှလုံးက ရုတ်တရက် အမောဖောက်သွားခဲ့တာပါ.....အခုတော့ စိတ်ချလို့ရပါပြီ အရှင်မင်းကြီး....

ဒါပေမဲ့ ကျွန်တော်မျိုး စမ်းသပ်ကြည့်ရသလောက်ကတော့ နှလုံးခုန်နေတာက အရမ်းနှေးနေပါတယ် .... အဲ့တာကြောင့် မိဖုရားခေါင်ကြီးကို နောက်ထပ်စိတ်ထိခိုက်စေတာတို့ ၊ တုန်လှုပ်စေတာတို့တော့ လုံး၀ဖြစ်လို့ မရပါဘူး အရှင်မင်းကြီး "

သမားတော်ကြီးရဲ့ အပြောကြောင့် ယော ရင်ထဲ မောဟိုက်သွားရ၏။

ရုတ်တရက်ကြီး သမီးလေးက လုပ်ကြံသူတွေ လက်ထဲပါသွားခဲ့ပြီး ညလေးရဲ့ နှလုံးကလဲ အမောဖောက်လာသည်။ သမီးအတွက်ရော ဇနီးအတွက်ရော စိုးရိမ်ပူပန်နေရသည့် သူ့ရဲ့စိတ်အဟုန်ဟာ တစ်ကိုယ်လုံးအား တမြေ့မြေ့ ကျွမ်းလောင်စေသည်။

မိုးခဲရော စ၀်ရော နန်းတော်အပြင်ထွက်ပြီး လုပ်ကြံသူတွေကို လိုက်ရှာနေတာကြောင့် သမီးလေး ဘေးမထိရန်မခဘဲ
သူတို့မိသားစုဆီ ပြန်ရောက်လာဖို့ကိုပဲ ယော ဆုတောင်းနေမိသည်။

"ယော .... "

ညလေးက လှဲနေရာမှ သူ့အားကြည့်ကာ အသံတိုးတိုးလေးဖြင့် လှမ်းခေါ်လာလျှင် ညလေးအနားမှာ ယော ဒူးထောက်ထိုင်ချလိုက်ပြီး လက်ဖ၀ါးလေးတစ်ဖက်ကို ဆွဲယူကာ သူ့ပါးပြင်ထက် အပ်ထားလိုက်မိသည်။

💗 Irreplaceable Love 💗Where stories live. Discover now