💗 အပိုင်း 53 💗

2.3K 112 13
                                    

🍒 Irreplaceable Love 🍒

💗 အပိုင်း 53 💗

ကြိုးကြိုးမှာ ၀မ်းသာအားရဖြင့် အစ်ကိုတော်ရဲ့ ခြေသလုံးလေးကို ပြေးပြီးဖက်လိုက်မိသည်။

"ဘာလုပ်တာလဲ "

အစ်ကိုတော်ရဲ့ ခြေသလုံးလေးကို ဖက်ပြီး တွဲခိုထားကာ ကြိုးကြိုး အားရပါးရပြုံးနေတုန်းမှာပဲ အစ်ကိုတော်ရဲ့အသံ မဟုတ်သည့် အေးစက်စက် အသံသြသြကို ကြားလိုက်ရသည်။

ထို့ကြောင့် လန့်သွားပြီး မော့ကြည့်မိလျှင် ဒေါသအရမ်းကြီးသည့် ကိုကိုကြီးရဲ့ မျက်နှာကို မြင်လိုက်ရတာကြောင့် ကြိုးကြိုး နှုတ်ခမ်းလေးတွေ ပွင့်ဟသွားတဲ့အထိ အံ့သြသွားခဲ့ရသည်။

"ဘာလုပ်တာလဲလို့ မင်းကို ငါမေးနေတယ်လေ "

စက္ကန့်အနည်းငယ်ကြာသွားတဲ့အထိ ကြိုးကြိုးမှာ မှင်သက်နေခဲ့ပြီး ထိုကိုကိုကြီးဆီမှ စိတ်မရှည်ဟန်ရှိသော အေးစက်စက်မေးခွန်းတစ်ခုထွက်လာတော့မှသာ ဖက်ထားမိတဲ့ သူမရဲ့ လက်လေးတွေကို ကြိုးကြိုး အလန့်တကြား ပြန်ရုတ်လိုက်မိပြီး နောက်မှာဖွက်ထားလိုက်မိသည်။

ကိုကိုကြီးက သူ့ရဲ့ မျက်ခုံးတွေကိုတွန့်ချိုးထားပြီး အလိုမကျစွာဖြင့် သူမလေးအား
ကြည့်လာတာကြောင့် ကြိုးကြိုး ငိုချင်လာကာ နှုတ်ခမ်းလေးတွေလဲ မဲ့ကျချင်လာ၏။

သူ့ခြေသလုံးကို ရုတ်တရက်ကြီး ပြေးဖက်ခဲ့ပြီး အခုချိန်ထိ သူ့ကို ​ပြူးကြောင်ကြောင်လေးကြည့်ကာ ဘာမှပြန်မ​ဖြေလာသည့် ကလေးမလေးကို မာန့် စိတ်ထဲမချင့်မရဲ ဖြစ်သွားရသည်။

ဧကန သူမလေး အစ်ကိုနဲ့ သူ့ကို လူမှားသွားတာများလား ....

"မင်းရဲ့ အစ်ကိုတော်နဲ့ ငါ့ကို လူမှားသွားတာလား "

မာန်မေးလိုက်တော့ ကလေးမလေးက သူမရဲ့ ခေါင်းသေးသေးလေးကို ပြုတ်ထွက်မတတ်ငြိမ့်ပြလာသည်။

လက်လေးနောက်မှာဖွက်ထားပြီး ငိုမဲ့မဲ့ ဖြစ်နေပုံလေးက မသိရင် သူကပဲ သူမလေးကို ကိုက်စားတော့မလိုလို ။

"ဒါဆို အခု ငါက မင်းအစ်ကို မဟုတ်မှန်းသိပြီမလား .... "

မာန်မေးလိုက်တော့ ခေါင်းလေးကို နောက်တစ်ကြိမ် ထပ်ငြိမ့်ပြလာပြန်သည်။

💗 Irreplaceable Love 💗Where stories live. Discover now