💗 အပိုင်း 4 💗

3.7K 150 1
                                    

Unicode:

🍒 Irreplaceable Love 🍒

💗 အပိုင်း 4 💗

ဟိုနေ့က နတ်ဆရာမဆီမှာ ဗေဒင်ကြည့်ပြီး ပြန်လာထဲက သခင်လေးနဲ့ ညလေး
တို့ ထပ်ပြီးမတွေ့ဖြစ်ခဲ့ကြတော့ပါ......

အဲ့နေ့က သခင်လေး အရမ်းကို စိတ်ဆိုးခဲ့တာဖြစ်သည်....... သခင်လေး စိတ်ဆိုးမယ်ဆိုလဲ ဆိုးချင်စရာပါ...... အဲ့နေ့က နတ်ဆရာမ ဟောလိုက်တာတွေ အားလုံးက သခင်လေးအတွက် အကောင်းတစ်ခုမှ မပါခဲ့တာကို......

ပြီးတော့ သခင်လေးက အနိမ့်ဆုံးအခြေအနေထိရောက်ရှိသွားမယ်ဆိုတာက မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုပဲဟာကို ......

"မင်းတို့ နှစ်ယောက်ရဲ့ ချစ်ခြင်းက ဘယ်လောက်ပဲ စစ်မှန်နေပါစေ မကြာခင်မှာ ပြိုကွဲပျက်စီးရတော့မယ်....."

ညလေးတို့ နှစ်ယောက်ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး အဲ့နေ့က ထိုနတ်ဆရာမ​ဟောကြားခဲ့သော စကားများကို ပြန်ပြီး ကြားယောင်လာတာမို့ ညလေး ခေါင်းကို ချက်ချင်းပဲ ခါရမ်းလိုက်မိသည်......

ဟင့်အင်း မဖြစ်နိုင်ဘူး...... အဲ့ဒီနတ်ဆရာမ ဟောတာတွေက အလိမ်အညာတွေပဲ ဖြစ်မှာ.......

မိဘတွေချင်း ကြည်ဖြူပြီး တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် မေတ္တာသက်၀င်နေကြတဲ့ သခင်လေးနဲ့ ညလေးတို့ချစ်ခြင်းက ပြိုကွဲစရာ ဘာအကြောင်းမှာမှ မရှိတာ......

ဟုတ်တယ်..... အဲ့ဒီ နတ်ဆရာမက လိမ်ညာပြီး ဟောလိုက်တာ.....

ညလေး ခေါင်းထဲ ဘာမှဆက်တွေးမနေတော့ဘဲ သခင်လေးကို ပေးဖို့ ရည်ရွယ်ထားသည့် လက်ကိုင်ပု၀ါလေးပေါ်မှာသာ ချည်ကို ဆက်ပြီးထိုးနေလိုက်သည်......

သခင်လေးက လှုပ်လှုပ်ရှားရှားလုပ်လိုက်တာနဲ့ ချွေးထွက်လွယ်တဲ့သူတစ်ယောက်မို့
လက်ကိုင်ပု၀ါလေးတစ်ထည် လက်ဆောင်ပေးဖို့ ညလေး အတွေးရခဲ့ခြင်းဖြစ်၏.....

ဒါပေမဲ့ ဒီအတိုင်း လက်ကိုင်ပု၀ါချည်းပဲ
မပေးလိုက်ချင်တာမို့ ပု၀ါပေါ်မှာ သခင်လေးရဲ့ နာမည်ဖြစ်တဲ့ ယော ဆိုတဲ့ စာလုံးလေးနဲ့အတူ ပန်းပွင့်ပုံလေးတွေကိုပါ အပ်ချည်လေးနဲ့ ထိုးထွင်းပြီးပုံဖော်နေမိသည်......

💗 Irreplaceable Love 💗Where stories live. Discover now