💗 အပိုင်း 26 💗

3.3K 122 0
                                    

Unicode:

🍒 Irreplaceable Love 🍒

💗 အပိုင်း 26 💗

အိမ်တော်သို့ ပြန်ရောက်လာသည့်ယော
နှင့် နတ်ဆရာမကြီး မယ်ယွန်းဟွာတို့ စကားပြောနေကြသည့် အခန်းရှေ့တွင် ညလေးတစ်ယောက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိ၏ ......

ယောက အတိတ်ကို ဘာမှသတိမရသေးတာ ဖြစ်တဲ့အတွက်ကြောင့် စကားပြောကြတာ အဆင်ရောပြေပါ့မလားဆိုတာကို ညလေးစိတ်ပူနေမိသည်.....

"ခင်ဗျားပြောတာကို ကျွန်တော်က ဘယ်လိုလုပ်ပြီး ယုံကြည်ပေးလို့ ဖြစ်မှာလဲ..... အခုချိန်မှာ မှိုင်းယောနဲ့ ကျွန်တော်တို့ဆိုတာက ရန်သူတွေဖြစ်နေကြပြီ.....

ခင်ဗျားက မှိုင်းယောက လွှတ်လိုက်တဲ့ သူလျှိုတစ်ယောက်ရော မဖြစ်နိုင်ဘူးလား....."

သူရဲ့ စကားကိုကြားတော့ မယ်ယွန်းဟွာဆိုသည့် နတ်ဆရာမက ပြုံးသည် .......

"သခင်လေး မဟုတ်သေးပါဘူး .....အခုဆိုရင် မြို့စားမင်းလို့ ပြောင်းခေါ်ရမှာပေါ့ .... ကျွန်တော်မျိုးမကို တွေ့ရင် မြို့စားမင်း ဒီလိုပဲ တုံ့ပြန်လာမယ်ဆိုတာ ကျွန်တော်မျိုးမသိပါတယ်.... ဒါပေမဲ့ နတ်ဆရာမတစ်ယောက်အတွက် လိမ်ညာပြောခြင်းဆိုတာက ကြီးလေးတဲ့ ပြစ်ဒဏ်တစ်ရပ်ပါပဲ.....

ကျွန်တော်မျိုးမ မလိမ်ညာ၀ံ့ပါဘူး ..... အမှန်တော့ ဒီနေ့ ဒီအချိန်ရောက်လာဖို့ကို နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတာပါ...
အဲ့တာကြောင့် အခုချိန်မှာ ကျွန်တော်မျိုးမကို မယုံကြည်နိုင်သေးဘူးဆိုရင်တောင် ဒီစာလေးကို အရင်ဆုံး ဖတ်ကြည့်ပေးဖို့ မြို့စားမင်းကို တောင်းဆိုချင်ပါတယ် ...."

နတ်ဆရာမဆိုသူသည် သူရှေ့သို့ စာအိတ်အညိုရောင်တစ်အိတ် တိုးပေးလာသည်မို့ ယော ယူလိုက်ကာ ဖွင့်ဖောက်ကြည့်လိုက်တော့ အထဲမှာ ၀ါကျင့်ကျင့်စာရွက်သားနဲ့
ရေးထားသော စာတစ်စောင်.....

စာရဲ့အနေအထားကို ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်များစွာထဲက ရေးထားခဲ့တဲ့ စာမှန်း သိသာလှ၏.....

ယော အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်လိုက်ပြီးမှ စာကို ဖတ်ကြည့်လိုက်သည် ....

💗 Irreplaceable Love 💗Onde histórias criam vida. Descubra agora