💗 အပိုင်း 55 💗

2.4K 112 9
                                    

🍒 Irreplaceable Love 🍒

💗 အပိုင်း 55 💗

"မနေ့က သားရဲ့ ညီမလေး ဟန်အင်းမင်းသားနဲ့ အတူကစားခဲ့တယ်ဆိုတာကို ကြားပြီး ခမည်းတော်စိတ်ထဲမှာ သမီးလေးကို စိတ်မချနိုင်တွေဖြစ်ခဲ့ရတယ်...
အဲ့ကိစ္စကြောင့်ပဲ သားရဲ့ မယ်မယ်နဲ့ စကားအချေအတင်ပြောရင်းကနေ စကားအမှားပါသွားခဲ့တယ်....

အဲ့ဒီမှာပဲ သားရဲ့မယ်မယ်က ခမည်းတော်ကို စိတ်ဆိုးသွားပြီး ခမည်းတော်နဲ့ ညစာအတူမစားတော့ဘဲ အိပ်တာတောင် သားရဲ့ ညီမလေးအဆောင်တော်မှာ သွားအိပ်တယ်လေ.... မင်းရဲ့ မယ်မယ်နဲ့ မခွဲစဖူး ခွဲအိပ်ခဲ့ရလို့ ခမည်းတော်မှာ တစ်ညလုံး အိပ်လို့ မပျော်ခဲ့ဘူး.... သားမယ်မယ် စိတ်ပြေအောင်လို့ ခမည်းတော်ကို ကူညီပါဦးလား သားရယ် ...."

မယ်မယ်နဲ့ အဆင်မပြေဖြစ်ရလို့ ခမည်းတော်မှာ တကယ်ကြီး စိတ်ထိခိုက်နေရပုံပင်။

အဟုတ်ကို တစ်ညလုံး မအိပ်ရသေးဟန်ဖြင့် မျက်တွင်းတွေချိုင့်နေသော ခမည်းတော်ကိုကြည့်ပြီး ခြိမ်းလေးသက်ပြင်းအသာချလိုက်မိသည်။

"ဘာမှစိတ်မပူပါနဲ့ ခမည်းတော်ရယ်.... မယ်မယ်နဲ့ ခမည်းတော်ပြန်ပြီး အဆင်ပြေအောင်လို့ သားတော် အစွမ်းကုန် ကူညီမှာပါ.... ပြီးတော့ ညီမလေးကိစ္စအတွက်နဲ့လဲ စိုးရိမ်သောကမဖြစ်ပါနဲ့ ခမည်းတော်.... ညီမလေးကို သားတော် သေချာ ပြောပြမှာမို့ ရှေ့လျှောက် ဟန်အင်းမင်းသားနဲ့ ညီမလေးတို့ နောက်တစ်ကြိမ်အတူတူရှိဖို့ဆိုတာ ဖြစ်လာမှာမဟုတ်တော့ပါဘူး "

တကယ်ပဲ သူ့စိတ်ထဲက စိုးရိမ်ပူပန်မှုတွေကို အတိုင်းသားမြင်နေပြီး စိတ်သက်သာရာရအောင် နှစ်သိမ့်ပေးနိုင်သူမှာ အရမ်းကို အားကိုးရသည့် သူ့ရဲ့ သားကြီးတစ်ယောက်သာ ရှိသည်။

"ကျေးဇူးတင်ပါတယ် သားရယ် "

သားရဲ့ ပခုံးလေးကို ယောလက်တစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး ကျေးဇူးတင်စကားဆိုလိုက်တော့ သားက သူ့အား ကြည်လင်စွာ ပြုံးပြလာသည်။

"အရင်ဦးဆုံး မယ်မယ်ရှိနေမယ့် ညီမလေးရဲ့ အဆောင်တော်ဆီကို သားတော်တို့ သွားကြရအောင် ခမည်းတော် "

💗 Irreplaceable Love 💗Where stories live. Discover now