💗 အပိုင်း 36 💗

2.8K 101 1
                                    

Unicode:

🍒 Irreplaceable Love 🍒

💗 အပိုင်း 36 💗

"ငါတို့ရဲ့ ဓားသွားအောက်မှာ မင်းရဲ့ ခေါင်းပြတ်ထွက်မသွားခင် အခုမင်းကြီး၀တ်ရုံစကို ကိုင်ထားတဲ့ အတင့်ရဲလွန်းတဲ့ မင်းရဲ့ အဲ့ဒီလက်တွေကို ချက်ချင်းလွှတ်လိုက်စမ်း အပြစ်သား!!!!! "

စ၀်ရဲ့ စကားကြောင့် ဆိုင်ထဲမှာရှိတဲ့ လူတွေအားလုံး ဟင်ခနဲ ဟာခနဲ ဖြစ်သွားကြရပြီး ဆိုင်ရှင်ကလဲ အထစ်ထစ် အငေါ့ငေါ့ ဖြင့်.....

"ဒီကသခင်လေးက မင်း....မင်းကြီး တဲ့လား "

ထိုတော့မှ လူမိုက်ဆိုသည့်သူမှာလဲ အယောင်ယောင်အမှားမှားဖြင့် ယောရဲ့ ၀တ်ရုံစကို အလန့်တကြား လွှတ်ပေးလိုက်သည်။

ပြီးတော့ ချက်ချင်းကို ဒူးထောက်ကာ မြေကြီးကို ခေါင်းနဲ့ထိပြီး ....

"ကျွန်....ကျွန်တော်မျိုးက သေသင့်တဲ့ အပြစ်ကို ကျူးလွန်မိပါတယ် အရှင်မင်းကြီး .... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးတော်မူပါ "

"အခုလိုမျိုး ကိုယ်တော့်ကို ရိုင်းပျစွာ ပြုမူပြီးတာတောင် မောင်မင်းက ကိုယ်တော့်ဆီက ခွင့်လွှတ်မှုကို လိုချင်သေးတာလား "

"စိုး....စိုးရွံ့မိပါတယ် မင်းကြီး.... ကျွန်တော်မျိုးက တကယ်ကို သေသင့်တဲ့ အပြစ်ကြီးကို ကျူးလွန်ခဲ့မိပါတယ် "

"ခုဏက မောင်မင်းကိုယ်တော့်ကို ပြောခဲ့တဲ့ စကားကို အခုနောက်တစ်ခေါက်ပြန်မေးမယ်..... ဒီဆိုင်ရဲ့ သီးသန့်ခန်းကို မကြာသေးခင်က နန်းတက်ပွဲလုပ်ခဲ့တဲ့ ပြည့်ရှင်မင်းကြီးဆိုရင်တောင် နေခွင့်မရှိဘူးဆိုတာ တကယ်ပဲလား ..... မောင်မင်းနှုတ်က ​ပြောတာကို ကိုယ်တော်ပြန်ကြားချင်တယ် "

ဒီနေရာတစ်၀ိုက်မှာ သူ့ထက်မိုက်တဲ့ကောင် ဘယ်သူမှ မရှိဘူးလို့ ကြွေးကြော်ထားခဲ့သော လူမိုက်ကြီးမှာ အခုတော့ ခေါင်းကို မြေကြီးနဲ့ ထိကပ်ထားရာမှ မခွာရဲဘဲ ယောရဲ့ ခြေတော်ရင်းမှာ ပြားပြား၀ပ်နေရပြီး ....

"ကျွန်တော်မျိုးရဲ့ မိုက်မဲတဲ့ ပါးစပ်က မကြား၀ံ့ မနာသာ ယုတ်ညံ့တဲ့ စကားတွေ ပြောထွက်ခဲ့မိပါတယ် အရှင်မင်းကြီး....
ကျွန်တော်မျိုးက ဘာအကြောင်းကြောင့် အဲ့လို တားဆီးနိုင်မှာပါလဲ ..... ကျေးဇူးပြုပြီး သဘောထားကြီးစွာနဲ့ နားလည်ခွင့်လွှတ်ပေးတော်မူပါ အရှင်မင်းကြီး ......"

💗 Irreplaceable Love 💗Where stories live. Discover now