💗 အပိုင်း 31 💗

2.9K 110 0
                                    

Unicode:

🍒 Irreplaceable Love 🍒

💗 အပိုင်း - 31 💗

အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးလာခဲ့ပြီးတဲ့နောက်မှာတော့ အားလုံးဟာ ကြိုပြီးအစီအစဥ်ချထားခဲ့တဲ့အတိုင်း ဖြစ်လာခဲ့ရသည်.....

မိုင်းယန်းရဲ့ စစ်ရေးအင်အားစုတွေဟာ မြို့တော်မှိုင်းယောကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်......

ဒါပေမဲ့ စစ်ပွဲမှာ ညလေးရဲ့ ဖအေတူ မအေကွဲ အစ်ကိုဖြစ်သူ စောမာန်နဲ့ ယောတို့ ထိပ်တိုက်တွေ့ကြချိန်တွင် စောမာန်ရဲ့ ကောက်ကျစ်ယုတ်မာမှုကြောင့် ယော ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ရသည်......

အစက ယောကျာ်းပီသစွာဖြင့် သူတို့နှစ်ယောက် ဓားချင်းယှဥ်ခုတ်ကြပြီး အဆုံးမှာတော့ စောမာန်ရဲ့ ဓားကျိုးသွားကာ ယောအနိုင်ရရှိခဲ့သည် ......ယောအနေနဲ့ စောမာန်ကို ထိုနေရာမှာတွင် ချက်ချင်းသတ်ပစ်လိုက်လို့ ရသော်လည်း ညလေးနဲ့ သွေးသားတော်စပ်နေမှုကို ထောက်ထားငဲ့ညှာပြီး စောမာန်အား အသာတကြည် အညံ့ခံဖို့ ပြောခဲ့သည်.... ထိုလုပ်ရပ်က ယောအတွက်တော့ အမှားကြီးတစ်ခုဖြစ်ခဲ့ရ၏.......

စောမာန် ဓားကျိုးပြီး လဲကျသွားတဲ့အခါ စောမာန်၏ လည်ပင်းကို ဓားနဲ့ချိန်ရွယ်ပြီး
အသာတကြည်အညံ့ခံဖို့ ယော ပြောနေတဲ့အချိန်မှာပဲ စောမာန်ဟာ မြေကြီးပေါ်မှ
မြေမှုန်များဖြင့် ယောရဲ့ မျက်နှာအား ပစ်ပေါက်လိုက်သည်.....

ရုတ်တရက် မြေမှုန်များ မျက်လုံးထဲ၀င်သွားပြီး ယော ဘာမှ မမြင်နိုင်တော့တဲ့ အချိန်ကို အခွင့်ကောင်းယူကာ စောမာန်က သူ့ခါးပိုက်ဆောင်ထဲတွင် ဆောင်ထားလေ့ရှိသော အဆိပ်လူးထားသည့် ဓားမြှောင်ဖြင့် ယောရဲ့ ရင်ဘတ်အား ထိုးစိုက်ခဲ့လေသည် .....

ထို့ကြောင့် မြို့တော် မှိုင်းယောကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပေမယ့်လဲ ယောက အပြင်းအထန် ဒဏ်ရာရခဲ့ကာ ဆမ်တို့သားအဖနဲ့ စောမာန်ကတော့ ထွက်ပြေးလွတ်မြောက်ခဲ့သည်.....

***

"အခြေအနေက ဘယ်လိုနေသေးလဲ သမားတော် ......"

💗 Irreplaceable Love 💗Where stories live. Discover now