💗 အပိုင်း 15 💗

3.7K 114 3
                                    

Unicode:

🍒 Irreplaceable Love 🍒

💗 အပိုင်း 15 💗

ပျစ်ပျစ်လေးဖြစ်နေသော အမဲသားနဲ့ မှို ဆန်ပြုတ်လေးကို ညလေးအရင် တစ်ဇွန်းခပ်ကာမြည်းကြည့်လိုက်သည်.......

အရသာက အဆင်ပြေတယ်ဆိုမှ ဆန်ပြုတ်အိုးကို မီးဖိုပေါ်မှချလိုက်ပြီး ဇွန်းအကြီးနဲ့ခပ်ကာ ကြွေပန်းကန်လုံးအဖြူလေးထဲထည့်လိုက်၏......ထို့နောက်
ပါးပါးလှီးထားသောကြက်သွန်မြိတ်ကလေးရယ် နှမ်းနက်လေးရယ်ကို ဆန်ပြုတ်အပေါ်မှာ ကြည့်ကောင်းအောင်ဖြူးလိုက်သည်.......

ပြီးတော့ သစ်သားဗန်းလေးထဲ ခုဏက ဆန်ပြုတ်ပန်းကန်ရယ် .... အတုံးသေးလေးတွေ လှီးထားပြီး ကျွတ်နေအောင်ကြော်ထားတဲ့ ကြက်သားကြော်ပန်းကန်ရယ်.... ရေနွေးကြမ်းအိုးလေးရယ် ထည့်ကာ ယူလာလိုက်သည်.....

မီးဖိုဆောင်ထဲမှ ညလေး ထွက်လာတော့ အပြင်မှာ အသင့်စောင့်နေသည့်စ၀်က သူမအနားသို့ရောက်လာကာ......

"မမလေး ကျွန်တော့်ကိုပေးပါ...... ကျွန်တော်သယ်ပေးပါ့မယ်....."

"ရပါတယ်စ၀်ရဲ့ ...... နေပါ ဒီလောက်ကြီးလဲ မလေးပါဘူး..... ငါ့ဟာငါ သယ်သွားပါ့မယ်......"

အစေခံကောင်မလေးတွေရဲ့ အကူအညီတောင်မယူဘဲ ယောအတွက် ညလေးကိုယ်တိုင် မနက်ထဲက စီမံပြင်ဆင်ချက်ပြုတ်နေခဲ့တာ ...... အခုလဲ သူ့အတွက် ပြင်ဆင်ထားတာလေးတွေကို တခြားသူ မသယ်ခိုင်းချင်တာမို့ ညလေးကိုယ်တိုင် သယ်ပြီးသာ ယူသွားလိုက်၏.......

စ၀်ကတော့ ညလေးနောက်မှ ခပ်ခွာခွာသာလိုက်လာသည်........

ယောရဲ့ အခန်းရှေ့ရောက်တော့ စ၀်က အပြင်မှာ ကျန်ခဲ့ရကာ ညလေး အဆောင်တော်ပေါ်တက်လိုက်ပြီး အသံလေးလှမ်းပြုလိုက်၏.....

"ယော ..... ညလေးပါ......"

"ညလေးလား.....အထဲ၀င်ခဲ့လေ....."

အထဲမှ ယောရဲ့ တုံ့ပြန်သံထွက်လာတာနဲ့
ညလေး သစ်သားဗန်းလေးကို လက်တစ်ဖက်နဲ့ ထိန်းကိုင်လိုက်ပြီး တစ်ဖက်က တံခါးလေးကို ဆွဲဖွင့်လိုက်သည်......

ညလေးထင်ထားသလိုမျိုး ယောက လှဲအိပ်နေတာမဟုတ်ဘဲ သူ့စားပွဲမှာထိုင်ကာ စာလိပ်တစ်ချို့ကြည့်နေတာမို့ ညလေး မျက်မှောင်လေး ကျုံ့လိုက်မိ၏.......

💗 Irreplaceable Love 💗Where stories live. Discover now