💗 အပိုင်း 14 💗

3.3K 133 2
                                    

Unicode:

🍒 Irreplaceable Love 🍒

💗 အပိုင်း 14 💗

ယော ခန္ဓာကိုယ်ကို မိုးခဲတို့အုပ်စုက ၀ိုင်းပြီး မ ချီကာ အပေါ်သို့ မြှောက်နေကြတာမို့ အသံတွေ ဆူညံနေရသည်.......

ကျန်တဲ့သူတွေကလဲ မိုးခဲတို့အုပ်စုနဲ့ ယောကို ကြည့်ကာ ​ပြုံးနေကြ၏.......

မနက်ကဖွင့်ပွဲအပြီး အခုညရောက်လာတော့ မီးပုံပွဲအကြီးကြီးလုပ်ကာ စားကြသောက်ကြ ပျော်ကြ ပါးကြသည်.......

ခေါင်းဆောင်အသီးသီးက အဆောင်တော်တွေထဲ၀င်ကာ အနားယူသွားကြပြီမို့ ကျန်ခဲ့တာက လူငယ်နဲ့ လူလတ်ပိုင်း အရွယ်တွေ ချည်းမို့ အခုလို စိတ်လွတ်ကိုယ်လွတ်ပျော်နေကြခြင်း ဖြစ်၏.........

"ဟေ့ကောင်တွေ ပြန်ချပေးတော့ကွာ..... ငါ ဒီမှာ ခေါင်းနောက်လာပြီ......"

"ခေါင်းဆောင်ကလဲ ကျွန်တော်တို့က ခေါင်းဆောင်ကို ဂုဏ်ပြုပေးချင်လို့ပါဆို ......"

"ဂုဏ်ပြုပေးချင်လဲ နောက်မှပြုပေးတော့ကွာ...... ငါဒီမှာ ခေါင်းတော်တော်မူးနေပြီ......"

နောက်ဆုံး ယော အတင်း​တောင်းဆိုတော့မှ မိုးခဲတို့ အုပ်စုက သူ့ ခန္ဓာကိုယ်ကို အောက်သို့ ပြန်ချပေးသည်......

တကယ် မလွယ်တဲ့ ကောင်တွေပါ..... "ခေါင်းဆောင် ကျွန်တော်တို့ဆီ ခဏလောက် လိုက်ခဲ့ပါ" ဆိုပြီး ဘာမပြော ညာမပြောနဲ့ သူ့ခန္ဓာကိုယ်ကို အခုလို အတင်း
၀ိုင်းမြှောက်ကြတာ ဖြစ်၏......

သူ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သွားတာကို သူ့ထက်တောင် ပိုပျော်နေကြတဲ့ ကောင်တွေ......အမှန်တော့ သူတို့ ယောအပေါ် သံယောဇဥ်ရှိသလိုမျိုး ယောလဲ သူတို့တွေအပေါ်မှာ သံယောဇဥ် ဖြစ်ရပါသည်.....

ယော မိုးခဲတို့အုပ်စုအကြောင်း တွေးနေရင်းနဲ့ မျက်လုံးတွေကတော့ ညလေး ဘယ်မှာရှိနေမလဲဆိုတာကို လိုက်ရှာနေမိ၏.......

"ခေါင်းဆောင်....."

မိုးခဲခေါ်သံကြောင့် ယော လှည့်ကြည့်လိုက်တော့ မိုးခဲက ပြုံးစိစိနဲ့ သူ့ကို ကြည့်ကာ တစ်နေရာသို့ လက်ညှိုးထိုးပြသည်.....

💗 Irreplaceable Love 💗Where stories live. Discover now