💗 အပိုင်း 43 💗

2.9K 108 0
                                    

Unicode:

🍒 Irreplaceable Love 🍒

💗 အပိုင်း 43 💗

၀ှီး ..... ဒေါက် ...

လေဟုန်ကို ဆန်ပြီးထွက်လာသည့် မြှားတစ်စင်းသည် အဝေးတစ်နေရာတွင် ထောင်ထားသော သစ်သားပြားပေါ်မှ အနီရောင်ဆေးဖြင့်ခြယ်ထားတဲ့ စက်၀ိုင်းပုံစံအမှတ်လေးတွေအများကြီးထဲမှ  အမှတ်တစ်မှတ်တွင် သွားပြီးထိုးစိုက်သည်။

ထိုအခါ သစ်သားပြားအနီးတွင်ရှိနေသော ရဲမက်တစ်ယောက်မှာ သူကိုင်ထားသော အလံတိုင်အားဝှေ့ယမ်းပြလိုက်ပြီး 7 မှတ် ဟု ကျယ်လောင်စွာ အော်ပြောလိုက်သည်။

ရဲမက်ဆီမှ 7 မှတ်ဆိုသော အသံကြားလျှင် ခြိမ်းလေး ခမည်းတော်ကို မော့ကြည့်လိုက်မိ၏။

ခမည်းတော်က သူ့အား နူးညံ့ကြင်နာသည့် အပြုံးတို့ဖြင့် ကြည့်နေပြီး 'သားတော်က မြှားပစ်တဲ့နေရာမှာလဲ ပါရမီပါတာပဲ´ ဆိုပြီး ဂုဏ်ယူဟန်ဖြင့် ပြောလာသောကြောင့် ခြိမ်းလေးရင်ထဲ အတိုင်းမသိ ပျော်ရွှင်၀မ်းမြောက်သွားရ၏။

ခမည်းတော်ဆီမှ ထိုကဲ့သို့ ချီးကျူးစကား တွေကြားရတဲ့အခါတိုင်း သူ့ရဲ့ စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ဒီထက်ပိုပြီးထူးချွန်လာအောင် ၊ ခမည်းတော် သူ့အတွက် ပိုပြီးဂုဏ်ယူနိုင်အောင် ကြိုးစားချင်စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာရစမြဲပင်။

"သားတော်အလှည့်ပြီးသွားပြီဆိုတော့ အခုက ခမည်းတော် ပစ်ရမယ့် အလှည့်ပေါ့ "

ယောပြောလိုက်သည့် စကားကြောင့် သားက သူ့အား ကြည်သာစွာ ပြုံးပြသည်။

ယော သားကို ပြန်ပြုံးပြလိုက်ပြီး စက်၀ိုင်းရဲ့ ဗဟိုတည့်တည့်က အမှတ်ဆီကိုပဲ အာရုံစိုက်ကာ လက်ထဲကိုင်ထားသည့် လေးနဲ့ မြှားကို အသင့်အနေအထား ပြင်ဆင်လိုက်ပြီး ပစ်မှတ်တည့်တည့်ကို သေချာချိန်ရွယ်ပြီးမှ မြှားကို ပစ်လွှတ်လိုက်သည်။

ယောပစ်လွှတ်လိုက်သည့် မြှားသည် ယောအာရုံစိုက်ထားသည့် စက်၀ိုင်းရဲ့ အလယ်ဗဟိုတည့်တည့်ကို သွားစိုက်၏။

'10 မှတ်´

ရဲမက်၏ 10 မှတ် ဆိုသော အော်သံကြောင့် ယော သားကို ငဲ့ကြည့်လိုက်လျှင် သားက သူ့အတွက် အရမ်းဂုဏ်ယူပြီး စိတ်လှုပ်ရှားနေဟန်ဖြင့် .....

💗 Irreplaceable Love 💗Where stories live. Discover now