💗 အပိုင်း 8 💗

3.1K 140 2
                                    

Unicode:

🍒 Irreplaceable Love 🍒

💗 အပိုင်း 8 💗

ယွန်းမှီ လှည်းပေါ်မှာ ရှိတဲ့ ပစ္စည်းအချို့ကို
မနိုင်မနင်းနဲ့ မ နေတုန်းမှာပဲ အနားသို့ ယောက ရောက်ချလာသည်......

"မမလေး အဲ့တာတွေကို ဘာလို့ မ နေတာလဲ ..... မလုပ်ပါနဲ့ .... ကျွန်တော်ပဲ မ ပါ့မယ်......"

"ရပါတယ် ယောရဲ့ ..... ယွန်းမှီလုပ်နိုင်ပါတယ်......"

ယွန်းမှီ ရတယ်လို့ ပြောလိုက်ပေမယ့် သူမလက်ထဲမှ အထုပ်ကတော့ ယောရဲ့ လက်ထဲသို့ ပါသွားခဲ့ရပြီဖြစ်သည်......

"ခိုင်းစရာရှိရင် ကျွန်တော်ကိုဖြစ်ဖြစ် အလုပ်သမားတွေကိုဖြစ်ဖြစ် ခိုင်းပါ.... မမလေးက အခုလိုမျိုး အပင်ပန်းခံစရာမလိုပါဘူး......"

"အားလုံးက ကိုယ့်အလုပ်နဲ့ ကိုယ်ရှုပ်နေကြတာဆိုတော့ ယွန်းမှီတစ်ယောက်ပဲ လုပ်ဖို့တွေးလိုက်မိတာပါ...... ဘယ်လောက်မှလဲ မပင်ပန်းတော့လေ......"

"ခုဏက မမလေး မနိုင်မနင်း မ နေရတာကို ဘယ်လောက်မှ မပင်ပန်းဘူးတဲ့လား......"

"အဲ့တာ.....အဲ့တာကတော့ ....."

သူ့ အပြောကြောင့် ရှက်သွားရတဲ့ မမလေးကို ကြည့်ပြီး ယော ပြုံးလိုက်မိသည်.....

စကားတပြောပြောနဲ့ နှစ်ယောက်အတူ
ယှဥ်တွဲပြီး ထွက်သွားကြတဲ့ သခင်လေးတို့ နှစ်ယောက်ကို တံတားပေါ်မှ ညလေး မမှိတ်မသုန် ကြည့်နေမိသည်......

"မမလေး......"

"အချစ်ဆိုတာ တကယ်ပဲ ပြောင်းလဲတတ်လား စ၀်.....အဟွန်း ..... ငါမေ့သွားတယ်.....အချစ်အကြောင်း ဘာမှမသိတဲ့ နင့်ကို ဒီအကြောင်းတွေ မေးနေလို့ရော ဘာထူးမှာလဲ......လာပါ သွားကြရအောင်......."

မမလေးအနားမှာ ၅နှစ်လုံး အနီးကပ်စောင့်ရှောက်ခဲ့ရသူမို့ မမလေးရင်ထဲမှာ ဘယ်လိုတွေ ခံစားနေရလဲ စ၀်သိသည်..... ဒါပေမဲ့ မမလေး ခံစားနေရတာတွေ သက်သာအောင် ဘယ်လိုနှစ်သိမ့်ပေးရမလဲ သူ မသိပါ......

ထွက်သွားပြီဖြစ်တဲ့ သခင်လေးယော
ဆိုသည့် လူရဲ့ ကျောပြင်ကိုသာ တစ်ချက် ကြည့်ပြီး စ၀်သက်ပြင်း ချလိုက်မိ၏......

💗 Irreplaceable Love 💗Where stories live. Discover now