💗 အပိုင်း 68 💗

2.3K 112 1
                                    

🍒 Irreplaceable Love 🍒

💗 အပိုင်း 68 💗

အိပ်ရာထက်နား ပြတင်းတံခါးဆီမှ ကျေးငှက်ကလေးတွေရဲ့ တကျီကျီအော်မြည်သံလေးတွေကို ကြားပြီး ယောတစ်ယောက် အိပ်ရာမှ နိုးထလာခဲ့ရသည်။

မျက်လုံးကို လက်ဖြင့်အသာပွတ်သပ်ကာ
ဘေးဘီကို ၀ဲကြည့်လိုက်တော့ သူ့နံဘေးတွင် သားလေးက အိပ်မောကျနေခဲ့ပြီး သားလေးကိုတော့ သမီးလေးက လက်သေးသေးလေးတွေဖြင့် လှမ်းဖက်ထားသည်။

သမီးလေးရဲ့ ဘေးတွင်မှ ညလေးက နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။

တန်းစီပြီး အိပ်ပျော်နေကြသည့် သူ့ရဲ့ ကမ္ဘာငယ်လေးတွေကို ယော ငေးကြည့်ရင်း အသာပြုံးလိုက်မိ၏။

မနေ့ညက သားလေးရော သမီးလေးရောကို သူနဲ့ ညလေးကြားထဲ ခေါ်သိပ်ကာ
ညလေးရဲ့ ခုတင်ပေါ်မှာပဲ သူတို့ တစ်မိသားစုလုံး စက်တော်ခေါ်ဖြစ်ခဲ့ကြသည်။

သားလေးရော သမီးလေးရော ပြန်ရောက်လာတော့မှသာ ညလေးလဲ ညဘက်ကို ကောင်းကောင်းအိပ်ပျော်တော့၏။

သားနဲ့သမီး အဝေးရောက်ချိန်တုန်းကဆို
ညလေးမှာ ညဘက်တွေကို လန့်လန့်ပြီး နိုးနေလို့ သူ့မှာ ဒုက္ခတွေများခဲ့ရသည်။

အခုတော့ အဲ့ဒီဒုက္ခတွေအားလုံးချုပ်ငြိမ်းသွားခဲ့ရပြီဖြစ်ပြီး အပြစ်ပေးသင့် ပေးထိုက်တဲ့သူတွေအား အပြစ်ပေးဖို့ပဲ ကျန်တော့သည်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြတဲ့ သူ့ရဲ့ အချစ်ကလေး သုံးယောက်ကို ယောမှာ ဘယ်လိုကြည့်ကြည့် ကြည့်လို့ကိုမ၀နိုင်ပေ။

ထိုစဥ် အလယ်မှ သမီးလေးရဲ့ မျက်တောင်လေးတွေက ပုတ်ခတ်ပုတ်ခတ်ဖြစ်လာကာ ၀ိုင်းစက်သော မျက်လုံးလေးတွေကလဲ ဖျတ်ခနဲဆိုသလို ပွင့်လာသည်။

အဟွန်း .... သူပြီးရင် သမီးလေးက အဦးဆုံး အိပ်ရာမှ နိုးလာတာပဲ ....

သမီးက သူမလေးဘေးတွင်အိပ်ပျော်နေသော ညလေးကို လှည့်ကြည့်ပြီးနောက် ဒီဘက်တွင် ရှိနေသော သူနဲ့ သားကိုလဲ ငေးကြည့်လာသည်။

သမီးကို ယော ပြုံးပြလိုက်တော့ အိပ်ချင်စိတ်မပြေသေးသည့် သမီးငယ်ကမျက်လုံးလေးပွတ်ကာ သူ့အားပြန်ပြုံးပြလာ၏။

💗 Irreplaceable Love 💗Where stories live. Discover now