💗 အပိုင်း 22 💗

3.9K 118 1
                                    

Unicode:

🍒 Irreplaceable Love 🍒

💗 အပိုင်း - 22 💗

ညလေးတစ်ယောက် ဒီလောက်ထိ ရေတံခွန်သွားချင်နေမှန်း ယောမသိခဲ့ပါ....ရေတံခွန်သွားဖို့ ပြောလိုက်တာနဲ့ မျက်နှာလေးက ပြုံးပျော်သွားရပြီး တက်တက်ကြွကြွနဲ့ကို ပြင်ဆင်နေတော့တာပင် ....

အခုလဲ သူ့အပေါ်၀တ်ရုံရဲ့ ခါးစည်းကြိုးကို သေချာအာရုံစိုက်ပြီး ချည်ပေးနေတဲ့ ညလေးကို ကြည့်နေရင်းနဲ့ ယောအသည်းယားလာမိတာမို့ ပါးအို့အို့လေးကို ငုံ့နမ်းလိုက်တော့ မျက်၀န်းတောက်တောက်လေးတွေက သူ့အား မော့ကြည့်လာသည်....

"ယောနော် .... "

"ဘာလို့လဲ ...."

"ရေတံခွန်သွားပါမယ်ဆိုမှ ဘာလို့လူကို လာနမ်းနေပြန်တာလဲ......"

"နမ်းတာပဲဘာဖြစ်လို့လဲ အချစ်ရဲ့ .... ချစ်လို့နမ်းတာ အသည်းယားလို့နမ်းတာလေ...."

"သွားပါ .... စကားတွေကလဲ ဘယ်ကနေ ဘယ်လို အဲ့လောက်ထိ အရမ်းတတ်လာမှန်းမသိဘူး...."

"အဟွန်းဟွန်း .... ဘယ်ကတတ်လာတာမှမဟုတ်ဘူး.... ချစ်လွန်းလို့ ဒီရင်ထဲကနေ အလိုလို ပြောတတ်လာတာ ...... "

ယော ပြောပြီးတာနဲ့ အချစ်မူးနေဟန်ဖြင့် ညလေးမျက်နှာလေးကို တိုးဝှေ့ပွတ်သပ်ကာ ထပ်ပြီးနမ်းရှိုက်ပြန်လျှင် ညလေးက သူမရဲ့ လက်လေးနှစ်ဖက်နဲ့ သူ့ရဲ့ ခေါင်းကို ထိန်းကိုင်လာပြီး .....

"ယောနော်..... ရေတံခွန်သွားမှာမို့
ထပ်ပြီး မနမ်းပါနဲ့တော့ဆိုတာကို ဘယ်လိုဖြစ်နေတာလဲ ...... ဒီမှာလှအောင်လို့ မျက်နှာချေလေးတွေလူးထားတာကို ယောလုပ်တာနဲ့ အကုန်ပျက်ကုန်တော့မှာပဲ...."

"ကိစ္စမရှိဘူး.....ကိုယ့်ဇနီးလေးက မျက်နှာချေမလိမ်းထားလဲ လှပြီးသား ......"

"တော်ပါ.... သူနမ်းချင်တာနဲ့ပဲ လျှောက်လျှောက်ပြောနေတယ်.... လွှတ်ဦး ညလေး မီးဖိုဆောင်ဘက်ကို ခဏသွားဦးမယ်....."

"မီးဖိုဆောင်ဘက်ကို ဘာသွားလုပ်မှာလဲ ညလေးရဲ့ ....."

"ရေတံခွန်ရောက်ရင် အဆာပြေစားလို့ရအောင် မုန့်ယူသွားမို့လေ ယောရဲ့ ဒီမှာ ခဏနေခဲ့ဦးနော်....."

💗 Irreplaceable Love 💗Where stories live. Discover now