💗 အပိုင်း 27 💗

3.1K 113 0
                                    

Unicode:

🍒 Irreplaceable Love 🍒

💗 အပိုင်း 27 💗

ရာသီတွေတရွေ့ရွေ့ ကူးပြောင်းလာခဲ့သလိုမျိုး အချိန်တွေဟာလဲ ကုန်ဆုံးတာ မြန်ဆန်ခဲ့ပါသည်......

ဘာလိုလိုနဲ့ ညလေးရဲ့ ကိုယ်၀န်ဟာလဲ မွေးလထဲသို့ ရောက်ရှိလာခဲ့ရပါပြီ .....

သမားတော်ပြောကြားချက်အရကတော့ ညလေးကိုယ်၀န်ဟာ ဒီရက်ပိုင်းအတွင်းမှာပဲ မွေးဖို့များသည်တဲ့ ......

အဲ့တာကြောင့်ပဲ ယောမှာ အချိန်ပြည့်ကိုယ်၀န်နဲ့ညလေးကိုပဲ အရိပ်တကြည့်ကြည့် ဖြစ်နေရသည်.....

စခန်းဆီကိုတောင် အရေးကြီးကိစ္စရှိမှပဲ သွားကာ နေ့တိုင်းမသွားဖြစ်တော့ပေ...
အလုပ်တွေကိုတော့ အိမ်တော်မှာပဲ ဆက်ပြီး ညွှန်ကြားဖြစ်၏ ......

အခုလဲ ညလေး နေ့ခင်းဘက် တရေးတမော အိပ်နေချိန်တွင် အနယ်နယ်အရပ်ရပ်က တင်ပြလာခဲ့တဲ့ အစီရင်ခံစာတွေကို ယောထိုင်ပြီး ဖတ်ရှုနေမိသည်......

"မြို့စားမင်း....ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် မိုးခဲ အိမ်တော်ကို ရောက်ရှိနေပါတယ်....."

မိုးခဲရောက်နေတယ်ဆိုပြီး အိမ်တော်ထိန်းက အသိပေးလာတာကြောင့် ယောမျက်မှောင်တွေ ကျုံ့လိုက်မိသည်.....

ဒီကောင် ဒီအချိန်ကြီး အိမ်တော်ကို ဘာလုပ်ဖို့ ရောက်လာရတာလဲ ......

ယော အိမ်တော်ထဲမှ ထွက်လာတော့ ခြံထဲမှာ မိုးခဲက သွားအဖြီးသားနဲ့ သူ့အားစောင့်ကြိုနေသည်.....

"အခုချိန် စခန်းမှာ ရှိနေရမှာကို အိမ်တော်ကို မင်းက ဘာလာလုပ်တာလဲ......"

"ဒီမှာ အမဲနံရိုးကောင်းကောင်းလေးတွေ ရလာလို့ မြို့စားကတော်ကို စွပ်ပြုတ်လုပ်တိုက်လို့ရအောင်ကျွန်တော်ယူလာခဲ့တာပါ မြို့စားမင်း......"

သူ့လက်ထဲမှ ဖက်နဲ့ထုပ်ပိုးထားတဲ့ အမဲနံရိုးထုပ်ကို မိုးခဲကမြှောက်ပြကာ အားတက်တရောပြောသည်......

"နေစမ်းပါဦး မင်းက အဲ့ဒီအမဲနံရိုးကို ဘယ်လိုလုပ်ပြီးရတာလဲ  ..... "

"ဟိုဘက်နယ်မှာ အမဲပေါ်တယ်ကြားလို့ ကျွန်တော့်တပည့်တစ်ယောက်ကို သွား၀ယ်ခိုင်းလိုက်တာ မြို့စားမင်းရဲ့ .... အရမ်း လတ်ဆတ်တာပဲ .... အဲ့တာကြောင့် ရရချင်း ကျွန်တော်လာပို့တာ....."

💗 Irreplaceable Love 💗Where stories live. Discover now