💗 အပိုင်း 16 💗

3.3K 125 0
                                    

Unicode:

🍒 Irreplaceable Love 🍒

💗 အပိုင်း 16 💗

ယန်ဆန်းသခင်ကြီးမှာ တပ်သားတွေလေ့ကျင့်နေတာကို ကြည့်ပြီး ခေါင်းတငြိမ့်ငြိမ့်ဖြင့်သဘောတွေကျနေရသည်........

"ခံတပ်ဆောက်တဲ့ အခြေအနေတွေရော
ဘယ်လိုရှိလဲ ယော....."

ယန်ဆန်းသခင်ကြီးက သူ့အား ခေါင်းငဲ့ကာ လှမ်းမေးတော့ ယော အနားမှာရှိတဲ့ မြေပုံလိပ်ကို လှမ်းယူကာ လက်နှစ်ဖက်နဲ့ ကမ်းပေးလိုက်သည်.......

"နယ် 12 နယ်လုံးရဲ့ ခံတပ်ဆောက်တဲ့ အခြေအနေတွေက အဆင်ပြေပါတယ်
သခင်ကြီး ...... ဒါကတော့ 12 နယ်လုံးရဲ့ ခံတပ်တည်ဆောက်ပုံကို ပုံကြမ်းချထားတာပါ......

ကျွန်တော်တို့ရဲ့ အဓိက အားသာချက်က 12 နယ်လုံးက တောင်တွေ၀န်းရံထားတဲ့အတွက်ကြောင့် ခံတပ်ကို အလွယ်တကူဆောက်လုပ်နိုင်ပါတယ်..... တကယ့်စစ်မြေပြင်ဖြစ်လာခဲ့ရင်လဲ တောင်တွေ၀န်းရံထားတာမို့ ကျွန်တော်တို့က အပေါ်စီးကနေ တိုက်ခိုက်နိုင်မှာပါ....."

ယန်ဆန်းသခင်ကြီးက သူပေးလိုက်တဲ့ ခံတပ်ပုံကြမ်းတွေ ရေးဆွဲထားတဲ့ စာလိပ်ကို သေချာကြည့်ကာ ......

"ခံတပ်ပုံကြမ်းတွေကိုတောင် အသေးစိတ်ပြီးပြည့်စုံအောင် လုပ်ထားတာပဲ ...... အနေအထားကလဲ ဘာဟာကွက်မှ မရှိဘူး...... နယ် 12 နယ်လုံးအတွက် လက်နက်ရော ရိက္ခာရော ဒီထပ်ပိုပြီးလုံလောက်အောင် ပြင်ဆင်ထားပါယော......"

"ဟုတ်ကဲ့ သခင်ကြီး......"

ယန်ဆန်းသခင်ကြီးက စာလိပ်ကို ပြန်ပိတ်ကာ ယောပခုံးအား နှစ်ချက်ပုတ်သည်......

"နယ် 12 နယ်လုံးရဲ့ တာ၀န်တွေအားလုံး မင်းခေါင်းပေါ် ရောက်နေတာဆိုတော့ ပင်ပန်းနေပြီလား ...."

"ကျွန်တော် လုပ်သင့်တဲ့ တာ၀န်တွေပဲမို့ နည်းနည်းလေးတောင်မပင်ပန်းပါဘူး သခင်ကြီး ......."

ယန်ဆန်းသခင်ကြီးက သူ့စကားကြားပြီး ပြုံးကာ .......

"ခေါင်းဆောင်ကောင်းဆိုတာ ဒီလိုပဲဖြစ်ရမှာပေါ့ကွာ...... ဘာလိုအပ်လဲ..... လိုအပ်တာမှန်သမျှ အကုန်ပြောဟုတ်ပြီလား......
မင်းတို့တွေက နယ်မြေကာကွယ်ဖို့ အသက်တွေရင်းထားရတာ ..... အဖိုးတို့မှာ လိုအပ်တာမှန်သမျှ ​ဖြည့်ဆည်းပေးရမယ့် တာ၀န်ရှိတယ်......"

💗 Irreplaceable Love 💗Donde viven las historias. Descúbrelo ahora