💗 အပိုင်း 34 💗

3K 106 0
                                    

Unicode:

🍒 Irreplaceable Love 🍒

💗 အပိုင်း - 34 💗

ညလေးကို ဖက်လျက်အနေအထားဖြင့်ယော နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်းမှာပဲ ညလေးခါးကိုဖက်ထားသည့် သူ့ရဲ့ လက်ကို လာဖိသည့် အိစိအိစိအထိအတွေ့လေးကြောင့် အိပ်ရာမှ နိုးသွားခဲ့ရသည် ။

ဘယ်သူကများ သူ့လက်ကို လာဖိနေတာလဲဆိုပြီး မျက်လုံးဖွင့်ကာ ကြည့်လိုက်မိတော့မှ သူ့ရဲ့ ရင်နှစ်သည်းခြာ အကောင်ပေါက်လေး ဖြစ်နေ၏ ။

အဖေနဲ့ အမေထက် စောပြီးနိုးနေသော ထိုအကောင်ပေါက်လေးမှာ ပေါက်စီလုံးလို မျက်နှာဖြူဖြူလေးဖြင့် ယောအား ရွှင်မြူးစွာ ရယ်ပြနေသည် ။ ပြီးတော့ သူနဲ့ ညလေးရဲ့ ကြား၀င်ချင်လို့ သူ့လက်ကို ဆွဲပြီး ညလေးရဲ့  ကိုယ်ပေါ်ကနေ အတင်း ကျော်တက်ဖို့ ကြိုးစားနေသည်။

သားဖြစ်သူရဲ့ ဇွတ်တရွတ်ဆန်မှုအကြောင်းကို ယော ကောင်းကောင်းကြီး သိထားတာမို့ ညလေးနိုးလာမှာစိုး၍ ထို၀က်ပေါက်လေးအား သူ့မှာ အချိန်မှီပွေ့ချီလိုက်ရသည် ။

ထိုတော့မှ စိတ်ထဲ ကျေနပ်သွားသည့် သားက သူ့အား အချိုမြဆုံး ထပ်ပြီး ပြုံးပြလာပြန်သည်။

လိုချင်တာရသွားရင် အမြဲလိုလို အဲ့လိုလေး ပြုံးပြတတ်သည့် သားကို ယော ဘယ်လို အသည်းယားလို့ အသည်းယားမိမှန်း မသိပါ ။ ဒီအကောင်ပေါက်လေးဟာ အပြုံးလေးတစ်ချက်နဲ့ပဲ သူနဲ့ ညလေးကြားမှာ လှည့်ပတ်ချွဲနေတာ ဖြစ်၏ ။

စကားမပြောတတ်သေးတာတောင် သားရဲ့ အွန်း....အဲ  အသံလေးတွေနဲ့တင် သူ့မှာ စိတ်အမောတွေပြေပြီး နား၀င်ပီယံ ဖြစ်နေရတာ စကားများပြောတတ်လာရင်
ဘယ်လောက်တောင် တီတီတာတာလေးတွေ ပြောပြီးချွဲဦးမလဲ မသိပါ ။

တွေးကြည့်ရင်းနဲ့ပဲ သားလေးကို ချစ်တဲ့ အချစ်တွေ ရင်ထဲပြည့်လျှံလာရတာကြောင့် ယော သားရဲ့ ပါးဆုပ်လုံးလုံးကြီးကို ငုံ့နမ်းပစ်လိုက်သည် ။

ထိုအခါ သားက သူ့ကို မျက်လုံးရွဲကြီးတွေနဲ့ မော့ကြည့်လာပြီး ' အဲ.... အဲ ' ဟုဆိုကာ ကိုယ်လေးကို လှုပ်ယမ်းပြသည်။

💗 Irreplaceable Love 💗Where stories live. Discover now