💗 အပိုင်း 35 💗

3K 100 0
                                    

Unicode:

🍒 Irreplaceable Love 🍒

💗 အပိုင်း - 35 💗

နန်းတော်သို့ စရောက်ထဲက နန်းတော် အတွင်းမှာပဲနေခဲ့ရသည့် သူမတို့ သားအမိအတွက် ယောက ဒီနေ့ညကို ညစျေးတန်း ခေါ်သွားမည်ပြောသောကြောင့် ညလေးကိုယ်တိုင် သားလေးကို ပြင်ဆင်ပေးနေမိသည်။

ညစျေးတန်းက ဘယ်လောက်ပျော်ဖို့ကောင်းလဲဆိုတာ ညလေးသိနေတာမို့
ညစျေးတန်းဆီသွားဖို့ကို အထူးပဲတက်ကြွနေမိသည်။

အရပ်သား၀တ်စုံနဲ့ပဲ နန်းတော်အပြင်ဘက်ထွက်ရမှာမို့ သားလေးကိုလဲ ယောနဲ့ ဆင်တူ ချုပ်ပေးထားသည့် နက်ပြာရောင် ပိုးသား၀တ်စုံလေးကို ညလေး ၀တ်ပေးမိသည်။

"မင်းသားလေးက ဒီလို ၀တ်စုံနဲ့လဲ တကယ်ကို ခန့်ညားပြီး အရမ်းချစ်ဖို့ကောင်းပါတယ် မိဖုရားခေါင်ကြီး "

မင်းသားလေးရဲ့ အထိန်းတော်ကြီး ခိုင်ရှန့်ကုန်းမှာလဲ နန်းတော်သို့စရောက်ထဲက အိမ်ရှေ့စံ၀တ်စုံနဲ့ပဲ မြင်ခဲ့ရသည့် မင်းသားလေးကို အခုလို အရပ်သား၀တ်စုံလေးနဲ့  မြင်လိုက်ရတာမို့ စိတ်ထဲမှာ အရမ်းကို အသည်းယားသွားရ၏ ။

"ဟုတ်ပါရဲ့ .... မယ်မယ့်ရဲ့ သားတော်လေးက ခိုင်ရှန့်ကုန်းပြောသလိုမျိုး ဒီလို အရပ်သား၀တ်စုံလေးနဲ့လဲ တကယ်ခန့်ညားပြီး ချစ်ဖို့ကောင်းနေတော့တာပဲ....
ဒါပေမဲ့ ဒီဗိုက်လုံးလုံးလေး ပူနေတာကိုတော့ ဘယ်လိုလုပ်ရပါ့ "

ပိုးသား၀တ်စုံလေးနဲ့မို့ ရှေ့သို့ အသည်းယားဖွယ်ကောင်းအောင် ပူထွက်နေသော သားရဲ့ ဗိုက်လုံးလုံးလေးကို ညလေး ကိုင်ပြီး စလိုက်တော့ သားက ချစ်စဖွယ် တခစ်ခစ် ရယ်သည် ။

သူတို့ သားအဖက နက်ပြာရောင် ဆင်တူ ၀တ်ကြမှာမို့ ညလေးကတော့ အမြင်အေးစေသည့် အဖြူနဲ့ မိုးပြာရောင်ဖျော့ဖျော့ စပ်ထားသော နှစ်ရောင်စပ် ၀တ်စုံလေးကိုသာ ၀တ်ဆင်လိုက်ပြီး ဆံနွယ်ရဲ့ အဆင်တန်ဆာအနေနဲ့လဲ ရိုးရိုးရှင်းရှင်း ကျောက်စိမ်းဖြူ ဆံထိုးလေး တစ်ချောင်းကိုသာ ထိုးထားလိုက်၏။

"ကဲ အားလုံးပြင်ဆင်လို့ ပြီးသွားပြီဆိုတော့ သားရဲ့ ခမည်းတော်ဆီ မယ်မယ်တို့ သွားကြမယ်နော် "

💗 Irreplaceable Love 💗Where stories live. Discover now