💗 အပိုင်း 10 💗

3.7K 155 3
                                    

Unicode:

🍒 Irreplaceable Love 🍒

💗 အပိုင်း 10 💗

"တကယ်ပါ မမလေးရာ...... အဲ့စျေးသည်အဒေါ်ကြီးက ကျွန်တော့်ကို စိတ်၀င်စားစရာစာအုပ်တွေရှိတယ်ဆိုပြီး ခေါ်ပြတော့ ကျွန်တော်လဲ စိတ်၀င်စားသွားမိတာပေါ့.... တကယ့်တကယ်တမ်း အဲ့လိုရုပ်ပြစာအုပ်တွေ ဖြစ်နေမယ်လို့ ဘယ်သူကထင်ထားမှာလဲ.....

ပြီးတော့ ပြောသေးတယ်..... အဲ့ဒီစာအုပ်တွေက နောက်ဆုံးထွက်ထားတဲ့ ရောင်းအားအကောင်းဆုံး စာအုပ်တွေတဲ့ ..... ကျွန်တော့်မှာလေ ရှက်လွန်းလို့ အဲ့အချိန်တုန်းက မျက်နှာကို ဘယ်နားထားရမှန်းတောင်မသိဘူး......."

စ၀်အပြောကြောင့် ညလေးမှာ ပခုံးလေးတွေလှုပ်တဲ့အထိကို အူလှိုက်သည်းလှိုက် သဘောကျစွာရယ်မောနေမိသည်......

"မမလေးကလဲ အဲ့လောက်ထိမရယ်ပါနဲ့ဗျာ....... ကျွန်တော့်မှာ မမလေး မေးလို့လဲ ဖြေရသေးတယ်...... မမလေးက အခုလိုမျိုး ရယ်နေတော့ ကျွန်တော် နောက်တစ်ကြိမ်တောင် ပြန်ရှက်လာပြီ......."

"အေးပါ စ၀်ရယ် ...... ငါမရယ်တော့ပါဘူး......အဟွန်း.....ဟွန်း......."

စ၀်တစ်ယောက် အကြီးအကျယ်ရှက်နေမှန်းသိလို့ ညလေး ရယ်ချင်စိတ်ကို ထိန်းလိုက်ပေမယ့်လဲ ဆက်ပြီး ရယ်နေမိသည်......

"ယောကျာ်းလေးတွေက တကယ်ပဲ အဲ့လိုစာအုပ်တွေကို သဘောကျတာလားဆိုတာ ကျွန်တော်ဖြင့် နားကိုမလည်နိုင်တော့ဘူး......."

"အဲ့တာကတော့ နင်က ပိုသိမှာပေါ့ စ၀်ရဲ့.....နင်လဲ ယောကျာ်းလေးပဲလေ မဟုတ်ဘူးလား......."

စ၀်ကိုကြည့်ပြီး ညလေး မျက်လုံးလေးတွေ မှေးကာ ပြောလိုက်တော့ စ၀်ကမလုံမလဲ ဖြစ်ကာ .....

"မမလေးကလဲ ကျွန်တော်က သူတို့လိုတော့မဟုတ်ဘူးလေ.......ဟာဗျာ တကယ်ပါပဲ......"

စ၀်ကပိုရှက်ပြလေလေ ညလေးမှာ သဘောကျစွာဖြင့် ပိုပြီးရယ်မိလေလေ ဖြစ်၏........

စ၀်ဆိုတဲ့တစ်ယောက်နဲ့ ဘာတွေ သဘောကျလို့ အဲ့လောက်ထိ ရယ်မောနေမှန်းမသိတဲ့ မမလေးကို ယော မလှမ်းမကမ်း အကွယ်နားမှာ ရပ်ကြည့်နေမိသည်.......

💗 Irreplaceable Love 💗Onde histórias criam vida. Descubra agora