💗 အပိုင်း 47 💗

2.5K 102 4
                                    

🍒 Irreplaceable Love 🍒

💗 အပိုင်း 47 💗

တစိမ့်စိမ့် စီးဆင်းနေသော ရေတံခွန်ငယ်ဆီမှ ရေကျသံလေးတွေ၊ စိမ်းစိုအုံ့မှိုင်းနေသော တောတောင်ထဲမှ ကျေးငှက်ကလေးတွေရဲ့  မြည်ကျွေးသံတို့ရယ်ဖြင့် ပတ်၀န်းကျင်တစ်ခုလုံးဟာ သာယာနာပျော်ဖွယ်ကောင်းနေလေ၏။

သူမတို့ သားအမိနဲ့ မလှမ်းမကမ်းကရေစပ်လေးမှာ ရေအတူတူချိုးရင်း အပြန်အလှန် ရေပက်ကာ ဆော့ကစားနေကြသည့် ယောနဲ့ သားလေးကို ကြည့်ကာ ညလေး အသာပြုံးလိုက်မိသည်။

သူမကတော့ ဒီဘက်မှာ သမီးငယ်နဲ့ အဖော်ပြုပေးရင်း ကျန်ခဲ့ရသည်။

9 လသားအရွယ်သမီးလေးမှာ အစ်ကိုဖြစ်သူ ခူးပေးထားခဲ့တဲ့ သစ်ရွက်တွေနဲ့ ဆော့ကစားရင်း မအားလပ်နိုင်အောင် အလုပ်ရှုပ်နေရ၏။

သူမလက်ထဲကို သစ်ရွက်လေးတစ်ရွက် လာထည့်ပေးလိုက်၊ ပြန်ယူသွားလိုက်ဖြင့် လုပ်နေသော သမီးလေးကို ညလေး ဂရုတစိုက်ကြည့်နေရသည်။ မကြည့်လို့လဲ မဖြစ်ပေ။

အပေါ်အောက် သွားနှစ်ချောင်းစီ ပေါက်နေပြီဖြစ်သော သမီးလေးမှာ
သူ့ရဲ့ သွားလေးတွေဖြင့် အရာရာကို စူးစမ်းကာ ကိုက်ချင်နေသည့်အတွက် မတော်လို့ သစ်ရွက်တွေ ပါးစပ်ထဲကောက်ထည့်ပစ်လိုက်မှာကို ညလေးမှာ စိုးရိမ်နေရသည်။

ခဏအကြာတော့ ရေချိုးလို့ ၀သွားပြီဖြစ်တဲ့ သားအဖနှစ်ယောက်ဟာ သူမတို့သားအမိဆီပြန်တက်လာကြ၏။

အိမ်တော်မှ အ၀တ်ပိုတွေ တစ်ခါထဲ ယူလာခဲ့တာမို့ ယောနဲ့ သားလေးဟာ ယာယီပြုလုပ်ထားသော အကာအရံလေးထဲမှာ အ၀တ်စိုတွေကို ချွတ်ကာ နွေးထွေးနူးညံ့သော ၀တ်စုံတို့ကို ချက်ချင်းလဲ၀တ်လိုက်ကြသည်။

"ရေက စိမ့်စိမ့်လေးနဲ့ တကယ်ချိုးလို့ ကောင်းတယ် ညလေးရယ်...... အကြောအချဥ်တွေတောင် ပြေသွားသလိုပဲ .... "

"လည်ပင်းမှာ ရေတွေ ရှိသေးတယ် ယောရဲ့ .... "

နှုတ်က ရေတွေ ရှိသေးတယ်လို့ပြောနေပေမယ့် ညလေးရဲ့ လက်ကတော့ ပု၀ါပါးလေးတစ်ထည်ဖြင့် ယောရဲ့ လည်ပင်းကို ပွတ်သုတ်ပေးနေပြီဖြစ်၏။

💗 Irreplaceable Love 💗Where stories live. Discover now