💗 အပိုင်း 24 💗

3.6K 129 1
                                    

Unicode:

🍒 Irreplaceable Love 🍒

💗 အပိုင်း 24 💗

မနက်စာအဖြစ် သီးစုံဂျုံလုံးစွပ်ပြုတ်နှင့်
ရေချိုပုဇွန်ထုပ်ကင်လေးကို တွဲစားရတာလောက် ညလေးအတွက် လိုက်ဖက်ညီတာ ဘာမှမရှိပေ....

ဂျုံလုံးလေးတွေကို ပျော့ပျော့အိအိလေးတွေဖြစ်အောင်ကြိုထားသည့်အပြင် စပျစ်သီးခြောက်၊ သီဠိုစေ့ တို့နဲ့ချက်ထားသည့် စွပ်ပြုတ်ရည်ရဲ့ ခပ်နွေးနွေးအရသာကလဲ အထူးပင် ကောင်းမွန်လှ၏.....

ပုဇွန်ထုပ်ကင်ရဲ့  ပုဇွန်ထုပ်ကြီးတွေကလဲ ကြီးမားလွန်းတာကြောင့် နှစ်ခြမ်းခြမ်းကာ ထောပတ်ဆီလေးနဲ့ကင်ထားသောကြောင့် စားရတာ နူးညံ့ချိုမြိန်လွန်းကာ ခံတွင်း မြိန်စေသည်.....

ဂျုံလုံးစွပ်ပြုတ်လေးကို ကြွေဇွန်းလေးနဲ့ ခပ်သောက်လိုက် ၊ ပုဇွန်ထုပ်ကင်လေးကို တူလေးနဲ့ ညှပ်စားလိုက်ဖြင့် မအားလပ်နိုင်အောင် အလုပ်ရှုပ်နေရသည့် ချစ်ဇနီးလေးကို ယောမှာ ပြုံးကြည့်နေရတာကြောင့် ကိုယ့်ဟာကိုယ်စားဖို့ပင် မေ့လျော့နေရသည်......

သူမလေး စားနေရင်း နင်သွားမှာလဲစိုးရတာကြောင့် ဘေးမှာရှိတဲ့ ရေနွေးအိုးထဲမှ လက်ဖက်စိမ်းရည်လေးကိုလဲ အဆင်သင့် ငှဲ့ထားပေးရသေး၏.......

ညက ရေချိုးကန်ထဲမှာ ရေအတူတူစိမ်ရင်း ချစ်ပွဲ၀င်ခဲ့ကြတာကြောင့် မနေ့ညက သူတို့ နှစ်ယောက်ရဲ့ အိပ်ချိန်ဟာ အနည်းငယ်လေး နောက်ကျခဲ့သည်.....

ထို့ကြောင့် မနက်အိပ်ရာထထချင်းမှာပဲ ဗိုက်ဆာနေပြီဖြစ်တဲ့သူမလေးက သီးစုံဂျုံလုံးစွပ်ပြုတ်နဲ့ ပုဇွန်ထုပ်ကင်လေး စားချင်လိုက်တာဟု တောင်းတသောကြောင့် ယောမှာ အပြင်မှာရှိနေသည့် အိမ်တော်ထိန်းကြီးကို မီးဖိုဆောင်ဆီသို့ စေလွှတ်ရကာ သီးစုံဂျုံလုံးစွပ်ပြုတ်နဲ့ ပုဇွန်ထုပ်ကင်ကို အမြန်လုပ်ပြီး လာပို့ခိုင်းဖို့ ပြောရသည်........

"ညလေး နင်နေဦးမယ် ဖြည်းဖြည်းချင်းစား.... ဒီမှာ လက်ဖက်စိမ်းရည်လေးလဲ သောက်ဦး ......."

ယော ခုဏက သူငှဲ့ထားသည့် လက်ဖက်စိမ်းရည်ခွက်လေးကို ညလေးအားပေးလိုက်တော့ ညလေးက ဂျုံလုံးစွပ်ပြုတ်ကို တစ်ဇွန်းခပ်စားပြီးမှ သူပေးတဲ့ လက်ဖက်စိမ်းရည်ခွက်လေးကို လက်နှစ်ဖက်နဲ့ ကိုင်ကာမော့သောက်သည်......

💗 Irreplaceable Love 💗Tahanan ng mga kuwento. Tumuklas ngayon