💗 အပိုင်း 70 💗

2.5K 110 1
                                    

🍒 Irreplaceable Love 🍒

💗 အပိုင်း 70 💗

စစ်ထွက်သွားပြီဖြစ်သည့် ယော နှင့် မိုင်းယန်း-ဟန်အင်း မဟာမိတ်စစ်အင်အားစုတွေ ဘေးအန္တရာယ်ကင်းစေဖို့အတွက် နတ်ဆရာမကြီး မယ်ယွန်းဟွာ တိုင်ပေးသည့် ဆုတောင်းစာကို ညလေးအနေနဲ့ အလေးအနက်ထား အာရုံစိုက်ကာ ရွတ်ဖတ်ပူဇော်နေမိသည်။

နတ်နန်းဆောင်၏ ဆုတောင်းခန်းမအတွင်းတွင် နတ်ဆရာမကြီးမယ်ယွန်းဟွာက ရှေ့ဆုံးမှ ဂါထာမန္တာန်ဆုတောင်းစာတို့ ရွတ်ဆိုနေပြီး ဆရာမကြီးနောက်တွင်တော့ ညလေးနဲ့ ဟန်အင်းမိဖုရားခေါင်တို့က နေရာယူထားကာ တောင်းဆုပြုကြသည်။

ညလေးတို့နောက်တွင်မှ သားလေးနဲ့ သမီးလေးရယ် ၊ ဟန်အင်းအိမ်ရှေ့စံရယ်တို့ ရှိနေ၏။

ကြိုးကြိုးမှာ နတ်ဆရာမကြီးတိုင်ပေးသော ဆုတောင်းစာတို့ကို လိုက်ပြီး မရွတ်တတ်သေးတာကြောင့် ဟိုကြည့်ဒီကြည့်လေးလုပ်နေရာမှ ရုတ်တရက် နတ်ဆရာမကြီး မယ်ယွန်းဟွာ အရှေ့က မီးပုံကြီးမှ မီးထတောက်သွားတာကြောင့် ကြိုးကြိုး ကိုယ်လေးနောက်သို့ လန်ကျမတတ် လန့်သွားရသည်။

"ကြိုးကြိုးအဆင်ပြေရဲ့လား ...."

လန့်သွားသည့် သူမလေးကို ကိုကိုကြီးက စိုးရိမ်တကြီးဖြင့်မေးလာလျှင် ကိုကိုကြီးကို ကြည့်ကာ ကြိုးကြိုးခေါင်းလေးငြိမ့်ပြလိုက်မိသည်။

"ဟုတ် ကိုကိုကြီး ... ကြိုးကြိုး အဆင်ပြေပါတယ် ..... မီးတောက်ကြီး မြင်လို့ လန့်သွားရုံပါ ...."

ရင်ဘက်ကို လက်လေးနဲ့ အသာဖိကာ ပြောလာသော သူမလေးကို ကြည့်ပြီး အနားမှာရှိတဲ့ နန်းတွင်းသူတစ်ယောက်ကို
ရေတစ်ခွက် ချက်ချင်း ယူလာပေးဖို့ မာန်လှမ်းပြောလိုက်၏။

ဘေးနားမှ စကားသံတိုးတိုးသဲ့သဲ့လေးတွေကြောင့် ခမည်းတော်တို့အတွက် ခြိမ်းလေး မျက်စိမှိတ်ဆုတောင်းနေရာမှ ဖွင့်ကြည့်လိုက်တော့ညီမလေးနဲ့ ဟန်အင်းမင်းသားတို့ စကားပြောနေကြတာဖြစ်၏။

"ကြိုးကြိုးဘာဖြစ်လို့လဲ .... "

"ခုဏက မီးတောက်ကြီးမြင်ပြီး ကြိုးကြိုးလန့်သွားလို့ အစ်ကိုတော် ...... အဲ့တာ ကိုကိုကြီးက ကြိုးကြိုးအတွက် ရေယူခိုင်းနေတာ...."

💗 Irreplaceable Love 💗Where stories live. Discover now