💗 အပိုင်း 65 💗

2.1K 111 2
                                    

🍒 Irreplaceable Love 🍒

💗 အပိုင်း 65 💗

မနက်စာကို ကြိုးကြိုးနဲ့ အမဲနံရုံးစွပ်ပြုတ်အတူစားပြီးတဲ့နောက်မှာ ဒီနေ့အတွက် နေ့လယ်စာနဲ့ ညစာကိုတော့ ထမင်းဆိုင်တစ်ဆိုင်မှာပဲ ထမင်းနဲ့ ဟင်းတို့ ၀ယ်ရန် မာန် ဆုံးဖြတ်လိုက်သည်။

မနက်ဖြန်ညနေမှ သင်္ဘောက ပြန်ရောက်မှာဖြစ်ပြီး သန်ဘက်ခါမှ မိုင်းယန်းကို ပြန်ထွက်မှာမို့ ဒီကြားထဲမှာ သူနဲ့ ကြိုးကြိုး အခုလို လျှောက်သွားနေ၍ မဖြစ်ပေ။

မတော်လို့ ဟိုလူတွေအဖွဲ့နဲ့ ပက်ပင်းပြန်တွေ့ရင် နောက်ထပ်တစ်ကြိမ် ဒုက္ခပြန်ရောက်မှာပင်။

ထို့ကြောင့် နေ့လယ်စာ နဲ့ ညစာ၀ယ်ပြီးတာနဲ့ မနေ့ညက သူနဲ့ကြိုးကြိုး ခိုအောင်းခဲ့တဲ့ ဂူကြီးထဲမှာပဲ ပြန်၀င်နေရန် မာန်တွေးလိုက်မိသည်။

ထမင်းဆိုင်ဆီရောက်တော့ ဆီပြန်ဟင်းတို့ ၊ အရည်ဟင်းတို့ထက် အကြော်အလှော်တွေက ညအချိန်ထိ ပိုခံလိမ့်မည်ဟု မာန်တွေးမိတာကြောင့် ဟင်းကို ကြက်သားကြော် နဲ့ ငါးကြော် ဘယ်ဟာစားမလဲဟု ကြိုးကြိုးအား မေးလိုက်သည်။

"ကြိုးကြိုး .... ဒီနေ့ ကိုကိုကြီးနဲ့ ကြိုးကြိုးရဲ့ နေ့လယ်စာနဲ့ ညစာအတွက် ဘာဟင်းနဲ့ စားချင်လဲ.... ကြက်သားကြော်နဲ့ စားချင်လား ဒါမှမဟုတ် ငါးကြော်နဲ့ စားချင်လား ....."

"တစ်ခုပဲ စားရမှာလား ကိုကိုကြီး .... ဖြစ်နိုင်ရင်လေ ကြိုးကြိုးက နှစ်ခုလုံးနဲ့စားချင်တာ .... နေ့လယ်စာကို ငါးကြော်လေးနဲ့ စားပြီး ညစာကို ကြက်သားကြော်လေးနဲ့ စားချင်တာ...အဲ့လိုမရဘူးလားဟင် "

လက်လေးနောက်ပစ်ပြီး ဟင်းနှစ်မျိုးလုံးနဲ့ စားချင်ကြောင်းကို မျက်လုံး၀ိုင်း၀ိုင်းလေးတွေနဲ့ ပြောလာတဲ့ ကြိုးကြိုးလေးကြောင့် မာန် သူ့လက်ထဲရှိနေတဲ့ ငွေစတွေကို ပြန်ပြီး ရေတွက်လိုက်မိသည်။

ခုဏက မနက်စာစွပ်ပြုတ်စားရင်းနဲ့ သူ့ဒဏ်ရာက အနာရင်းပြီး မခံမရပ်အောင် နာကျင်လာခဲ့တာကြောင့် ဆေး၀ယ်ဖို့ မာန်တွေးမိခဲ့သေး၏။

ဒါပေမဲ့ သူ့အတွက် ဆေးသာ၀ယ်လိုက်လျှင် ဟင်းက ဘယ်လိုမှ နှစ်မျိုး၀ယ်လို့ရမှာမဟုတ်တော့ .... မနက်ဖြန်အတွက် သူတို့ အသုံးစရိတ်နဲ့ သင်္ဘောစီးခအတွက်လဲ ချန်ထားရဦးမည်။

💗 Irreplaceable Love 💗Nơi câu chuyện tồn tại. Hãy khám phá bây giờ