💗 အပိုင်း 17 💗

3.1K 122 0
                                    

Unicode:

🍒 Irreplaceable Love 🍒

💗 အပိုင်း 17 💗

ညလေးတစ်ယောက် ယောနဲ့အတူ ပွဲစျေးကပြန်ရောက်လာခဲ့ပြီး အိပ်ယာ၀င်တဲ့ အချိန်အထိ ဟိုလှိမ့်ဒီလှိမ့်ဖြစ်ကာ အိပ်မပျော်နိုင်ဘဲ ဖြစ်နေရသည်.......

ယောက သူမနှုတ်ခမ်းလေးကို နင့်နင့်နဲနဲဖြင့် အနမ်းတွေ ခြွေချခဲ့တာကို ပြန်ပြီးမြင်ယောင်တော့ အရှက်သည်းစွာဖြင့် ခြုံထားသည့် ဂွမ်းစောင်လေးကို မျက်နှာပေါ်ထိ ဆွဲတင်မိလိုက်၏......

ချစ်သူဘ၀စရောက်ထဲက ဒီလိုမျိုး သူမနှုတ်ခမ်းလွှာလေးတွေကို ဖွင့်ဟစေကာ လျှာလေးကို ဆွဲထုတ်သွားပြီး သူ့ခံတွင်းထဲရောက်စေခဲ့တဲ့ အနမ်းမျိုးကို ညလေး မခံစားဖူးခဲ့တာမို့ အခုချိန်ထိ ညလေး ရင်တွေ ခုန်နေရတုန်းပင်......

အဲ့အချိန်တုန်းကလဲ နမ်းပြီးသွားတာနဲ့
ခြေထောက်တွေပါ ခွေကျတဲ့အထိ အားမရှိတော့သလို ဖြစ်ခဲ့ရသည်...... ယောက ထွေးပွေ့ထားခဲ့လို့သာ တော်တော့သည်.......

အခုချိန်ထိ ပူနွေးဆဲဖြစ်နေတဲ့ နှုတ်ခမ်းလေးကို သူမလက်ချောင်းလေးတွေနဲ့ ဖွဖွထိကိုင်လိုက်ကာ ညလေးအသာပြုံးလိုက်မိပြီး အနမ်းကြောင်းကို ဆက်မတွေးတော့ဘဲ အိပ်ပျော်အောင် အိပ်ဖို့ပဲတွေးကာ မျက်လုံးလေးတွေကို မှိတ်ထားလိုက်တော့၏.....

*****

ယော ကွပ်ပစ်ပေါ်မှာ လှဲချလိုက်ကာ ကြယ်တွေစုံနေတဲ့ ကောင်းကင်ကြီးကို
မော့ကြည့်ရင်း ပွဲစျေးက အဖြစ်ကို ပြန်တွေးမိတော့ အလိုလိုပြုံးမိလျက်သား ဖြစ်သွားခဲ့ရသည်........

အဟွန်း ..... သူလဲ ဘယ်လိုကနေ ဘယ်လို ဖြစ်သွားရလဲမသိပါ .... နမ်းနေရင်း အားတွေပါသွားခဲ့လို့ နမ်းပြီးသွားတဲ့ အချိန်တွင် ညလေးမှာ ခြေထောက်လေးပါ ညွတ်ကျခဲ့ရသည်.......

အဟွန်း ... အဲ့အချိန်တုန်းက ညလေးရဲ့ အရမ်းရှက်သွားပုံလေးကို တစ်ယောက်ထဲ တွေးရင်း ကြည်နူးစွာပြုံးမိနေတုန်းမှာပဲ သူ့နားသို့ ချဥ်းကပ်လာသည့် ခြေသံတရှပ်ရှပ်ကြောင့် ယော မျက်မှောင်ကျုံ့လိုက်မိကာ ထထိုင်လိုက်မိ၏.....

💗 Irreplaceable Love 💗Where stories live. Discover now