💗 အပိုင်း 39 💗

3K 105 1
                                    

Unicode:

🍒 Irreplaceable Love 🍒

💗 အပိုင်း 39 💗

ယောက သူမအား အဆက်မပြတ် နမ်းရှိုက်နေသည်ဟု ခံစားမိသော အိပ်မက်နဲ့အတူ ညလေး နိုးထလာခဲ့ရသည်။

သူမမျက်၀န်းတွေ ပွင့်လာတော့ အပြင်မှာ မိုးတောင်လင်းနေပြီဖြစ်၏။

ညက ယောနဲ့ ချစ်ပွဲအလီလီ ဆင်နွှဲပြီးသွားတဲ့နောက်မှာ လူက လှုပ်နိုင်စွမ်းတောင်မရှိတော့ဘဲ တစ်ချိုးထဲအိပ်ပျော်သွားခဲ့ရတာဖြစ်သည်။

တကယ့်တကယ်တမ်းတော့ အိပ်ချိန်ကဘယ်လောက်မှတောင် မကြာလိုက်သလိုမျိုး ညလေး ခံစားရသည်။ ဆက်ပြီး အိပ်ချင်သေးပေမယ့် မိဖုရားခေါင်ကြီးတစ်ယောက်အနေနဲ့ အအိပ်မမက်သင့်ဟု ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆင်ခြင်ကာ ဖရိုဖရဲ ဖြစ်နေသော ၀တ်ရုံကို ပြန်ပြင်ဆင်ပြီး အိပ်ရာမှထရန် ပြင်လိုက်တော့ ယောရဲ့ သန်မာတဲ့ လက်တွေက သူမကိုယ်လုံးလေးကို အိပ်ရာပေါ်သို့ ပြန်ဆွဲချသွားသည်။

"အစောကြီးရှိသေးတယ်လေ ညလေးရဲ့ "

"ဟင့်အင်း ထဖို့သင့်နေပြီ ယောရဲ့ ..... အပြင်မှာ မိုးတောင်စင်စင်လင်းနေပြီ..... ယော ဆက်အိပ်ချင်အိပ်လေ ညီလာခံတက်ဖို့ အချိန်က လိုသေးတာပဲ "

"ကိုယ်အိပ်သလို ညလေးလဲ ဆက်အိပ်ရမယ်..... ညက ကိုယ်တို့အိပ်ဆောင်၀င်တာ
နောက်ကျတာ အထိန်းတော်ကြီးတို့၊ ဟန်ရှန့်ကုန်းတို့လဲ သိနေမှာပဲဟာကို နည်းနည်းလောက် ထပ်အိပ်တာ ဘာမှ မဖြစ်ပါဘူးကွာ ..... "

ယောစကားကြောင့် ညလေးမှာ နားရွက်ဖျားလေးတွေပင် ရှိန်းခနဲပူသွားသလို ခံစားလိုက်ရ၏။

ယောက နောက်ကျောဘက်ကနေ သူမရဲ့ကိုယ်လုံးလေးကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်လာပြီး မျက်နှာလေးကိုတိုးဝှေ့နမ်းရှိုက်ကာ.....

"ညလေး "

"ဟင်....."

"ဒီနေ့ကစပြီး ညလေးရဲ့ ကျန်းမာရေးကို အများကြီးဂရုစိုက်ရမယ်နော်..... အထူးသဖြင့် ညလေးရဲ့ နှလုံးကို ပိုဂရုစိုက်ရမယ်"

"ဟင် ညလေးက ကျန်းမာရေးကောင်းပြီးသားလေ ယောရဲ့ .... ပြီးတော့ နှလုံးအတွက်က သမားတော်ကြီးဆက်သတဲ့အားဆေးတွေလဲ မှန်မှန်သောက်နေတာပဲဟာကို "

💗 Irreplaceable Love 💗Where stories live. Discover now