💗 အပိုင်း 64 💗

2K 93 0
                                    

🍒 Irreplaceable Love 🍒

💗 အပိုင်း 64 💗

အပေါ်၀တ်ရုံတွေမပါဘဲ အတွင်း၀တ်ရုံအဖြူလေးတွေဖြင့် လျှောက်လာကြသည့် သူနဲ့ ကြိုးကြိုးကို လူတွေက၀ိုင်းပြီး ကွက်ကြည့်ကွက်ကြည့် လုပ်နေကြသည်။

သူနဲ့ ကြိုးကြိုးရဲ့ အပေါ်၀တ်ရုံတို့က နန်းတွင်းမှ တော်၀င်အ၀တ်အစားတွေ ဖြစ်တာကြောင့် ညက သူတို့နားခိုခဲ့သည့် ဂူကြီးထဲမှာပဲ ချွတ်ထားခဲ့ရကာ အခုလို အတွင်း၀တ်ရုံအဖြူလေးတွေဖြင့်သာ အပြင်ကို ထွက်လာရခြင်း ဖြစ်၏။

"ကိုကိုကြီး "

"ဟင် ... "

သူ့ လက်ညှိုးကို လက်သေးသေးလေးတွေဖြင့် ဆုပ်ကိုင်ထားသည့် သူမလေးက သူ့အား လှမ်းခေါ်လျှင် မာန် ခေါင်းငဲ့ပြီး ကြည့်လိုက်မိသည်။

"ဟိုမှာ သင်္ဘောကြီးတွေ ....ကြည့်ရတာ ကြိုးကြိုးတို့ သင်္ဘောဆိပ်ကိုရောက်တော့မယ် ထင်တယ် "

သူမလေး ညွှန်ပြရာကို ကြည့်လိုက်တော့ တကယ်ပဲ သင်္ဘောကြီးတွေဖြစ်နေတာကြောင့် မာန်၀မ်းသာသွားရ၏။

"ဟုတ်တယ် ကြိုးကြိုးရဲ့ .... ဒါဆို ကိုကိုကြီးတို့ သင်္ဘောဆိပ်ကိုရောက်တော့မယ်ထင်တယ်..... လာမြန်မြန်သွားကြရအောင် "

"ဟုတ် "

သင်္ဘောတွေကို မြင်တာနဲ့ သူနဲ့ ကြိုးကြိုးမှာ အားတက်သွားမိပြီး လမ်းကို ခပ်သွက်သွက်လျှောက်ကြသည်။

မကြာပါဘူး ....  သင်္ဘောတွေအများကြီး ဆိုက်ကပ်ထားသည့် သင်္ဘောဆိပ်ကို မြင်လျှင် မာန် စိတ်ထဲ အားတက်သွားရကာ မိုင်းယန်းကို ပြန်မည့် သင်္ဘောကိုမေးရန်
ထိုသင်္ဘောဆိပ်တွင် အလုပ်လုပ်ဟန်ရှိသော လူကြီးတစ်ယောက်ဆီသို့ သွားလိုက်သည်။

"ဦးလေး .... ကျွန်တော် တစ်ခုလောက် မေးချင်လို့ပါ...."

"အေးပြောလေ ငါ့တူ "

"ဒီမှာ မိုင်းယန်းကိုသွားမယ့် သင်္ဘောရှိလား မသိဘူးဗျ...."

"မိုင်းယန်းကို သွားမယ့်သင်္ဘောက ထွက်သွားပြီကွ...."

"ဗျာ သင်္ဘောကထွက်သွားပြီဟုတ်လား ဦးလေး...."

"ဟုတ်တယ်ကောင်လေးရ .... မိုင်းယန်းကို သွားတဲ့ သင်္ဘောက မနေ့ညနေကပဲ ထွက်သွားတာ .... မနက်ဖြန်ညနေမှ ဒီဆိပ်ကမ်းကို ပြန်ရောက်မှာ.....ပြီးရင် သန်ဘက်ခါမှ မိုင်းယန်းကို ပြန်သွားမှာ... အဲ့တော့ မင်းတို့ မိုင်းယန်းကိုသွားမယ်ဆို သန်ဘက်ခါအထိစောင့်နေရုံပဲရှိတယ်... "

💗 Irreplaceable Love 💗Where stories live. Discover now