💗အပိုင်း 54💗

2.3K 116 9
                                    

🍒 Irreplaceable Love 🍒

💗 အပိုင်း 54 💗

ဥယျာဥ်တော်ထဲမှာရှိနေတုန်းကတော့ သမီးလေးရှေ့ ပျက်ယွင်းနေသော မျက်နှာကို ပြင်ပြီး ပြုံးနေခဲ့သော ယောသည် သူမနဲ့အဆောင်တော်ဆီ ပြန်ရောက်တာနဲ့ ချက်ချင်းကိုမျက်နှာတည်သွားပြီး သူ့စိတ်ထဲ မကျေလည်ခဲ့သော ဟန်အင်းအိမ်ရှေ့စံနဲ့ သမီးလေးအကြောင်းကို ပြန်ပြီး အစဖော်လာသည်။

"အဲ့ဒီ ဟန်အင်းအိမ်ရှေ့စံနဲ့ သမီးနဲ့က ဘယ်အချိန်တုန်းက အဲ့လောက်ထိ ရင်းနှီးသွားကြတာလဲ ညလေး "

"ညလေးလဲ ဘယ်သိမှာလဲလို့ ယောရဲ့ .... ဟိုနေ့ကတောင် ဟန်အင်းမင်းသားကြောင့် သမီးလေးငိုသွားခဲ့ရတာကို အခု ဒီနေ့အတူကစားခဲ့ကြတယ်ဆိုတော့ သူတို့ဘယ်အချိန်က ပြန်ပြီးအဆင်ပြေသွားလဲဆိုတာ ညလေးလဲ တကယ်သိချင်မိတယ်....

မဟုတ်မှ ဟန်အင်းမင်းသားက ဟိုနေ့တုန်းက သမီးလေးကို ငိုအောင်လုပ်ခဲ့မိလို့ ဒီနေ့ကို ပြန်ချော့ပြီး သမီးနဲ့ အတူ ကစားခဲ့တာများလား..... ယောရော ဘယ်လိုထင်လဲဟင် "

"ကျစ်.... သူက ဘာမို့လို့ အဲ့လိုလုပ်ရတာလဲ .... ဟိုနေ့က သမီးကို ငိုအောင်လုပ်ခဲ့ထဲက ကိုယ်မကျေနပ်ခဲ့တာ.... ဒီနေ့ကရော ဘာအချိုးလဲ .... ကိုယ့်သမီးကို ငိုရအောင် လုပ်လိုက် အတူကစားပေးလိုက်နဲ့ သူလုပ်ချင်တိုင်းလုပ်ရအောင် သူက
ဘာမို့လို့လဲ ..... "

"သူတို့ချင်း အဆင်ပြေသွားတော့ ပိုမကောင်းဘူးလား ယောရဲ့ "

"မကောင်းဘူး .... နည်းနည်းလေးမှကို မကောင်းတာ .... အဲ့ဒီဟန်အင်းအိမ်ရှေ့စံက ယောကျာ်းလေးတစ်ယောက်လေ....သူလို သူစိမ်း ယောကျာ်းလေးတစ်ယောက်နဲ့ သမီးက ဥယျာဥ်ထဲမှာ အတူတူရှိခဲ့တာ ကိုယ့်အတွက် ဘယ်လိုမှ အဆင်မပြေဘူး....
ချိုရှန့်ကုန်းတို့ကလဲ အနားမှာရှိနေခဲ့ပြီးတော့ တားရကောင်းမှန်းမသိဘူးလား.... တကယ် အသုံးမကျဘူး "

"သမီးက အမြဲ သားနဲ့ အတူတူဆော့နေကျမို့ ဒီနေ့သားလေ့ကျင့်နေတဲ့အချိန်မှာ ဆော့ဖို့ အဖော်မရှိလို့ ဟန်အင်းမင်းသားကို အတူတူခေါ်ဆော့ခဲ့တာနေမှာပါ ယောရယ်......ကိုယ့်သမီးအကြောင်း ကိုယ်သိရဲ့သားနဲ့ ဘာလို့မဆိုင်တဲ့ ချိုရှန့်ကုန်းတို့ကိုပါ ဆွဲထည့်နေရတာလဲ "

💗 Irreplaceable Love 💗Where stories live. Discover now