part (1)

30.1K 1.3K 27
                                    

Unicode

သူ့နာမည်က မောင် ။
မေ ဆိုတဲ့ ကလေးမလေးရဲ့ အမြွှာအစ်ကိုဖြစ်သူပေါ့။
အမြွှာဆိုတဲ့အတိုင်း ရုပ်ချင်းအတော်တူသည်။ မျက်လုံးဝိုင်းဝိုင်း နက်နက်ကလေး နဲ့ ပါးဖောင်းဖောင်းလေးတို့က အလွန် ချစ်စရာကောင်းသလို နှာတံစင်းစင်း ၊ နှုတ်ခမ်းဖူးဖူးလေးကလည်း တွေ့တဲ့သူတိုင်း ပြန်ငေးကြည့်ရတာပင်။
အစိတ်အပိုင်းအားလုံး အကုန်တူပြီး ကွဲပြားတာဆို၍ ယောက်ျားလေးနှင့် မိန်းကလေးသာပင်။ နှစ်ယောက်စလုံး ဖြူဖြူသန့်သန့် ရုပ်ရည်လေးများကို ပိုင်ဆိုင်ထားကြသည်။

မောင်တို့ မိဘတွေက တစ်နေ့လုပ်တစ်နေ့စား ကြုံရာကျပန်း လုပ်တဲ့သူတွေပါ ။ ဒါပေမယ့် မြို့နယ်ဆရာဝန်ကြီး၏ ကောင်းမှုကြောင့် ဆေးရုံဝိုင်းကြီးထဲမှာ နေစရာအိမ်ကလေးတစ်လုံးရပြီး အလုပ်ကတော့ ဆရာဝန်ကြီး၏ အိမ်သန့်ရှင်းရေး ၊ ဆေးရုံထဲမှာ လုပ်အားကို အသုံးပြုရတဲ့ အလုပ်တွေ မျိုးစုံလုပ်ရတာပေါ့။
ဆင်းရဲတယ် ပြီးတော့ ကလေးက အမြွှာနှစ်ယောက် ။ မေလေးက မွေးကတည်းက ခြေထောက်တစ်ဖက်က သိမ် (တို)နေ၍ လမ်းလျှောက်ရတာ ထော့နဲ့နဲ့ မို့ အားငယ်တတ်သူလေးပါ ။ ဒါပေမယ့် ဉာဏ်ကတော့ အလွန်ကောင်း။ ဆေးရုံဝိုင်းထဲက ဝန်ထမ်းမိသားစုများ၏ အချစ်တော်လေးပင်။

ဒါဆို မောင်ကကော ။ မောင်က ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာပါ။ ဒါပေမဲ့ ဉာဏ်ကတော့ တကယ်မကောင်းပါဘူး ။ အတန်းထဲမှာလည်း နောက်ကနေရေတွက်ရင် အဆင့် ၃ လောက်ရလေတော့ မောင်က မေလောက် မျက်နှာပန်းမလှဘူးပေါ့။

မောင့်မိဘတွေက သူတို့ငယ်စဥ်ကတည်းက ပညာမတတ်ခဲ့၍ မောင်တို့ကို စာအရမ်းတတ်စေချင်သည်။ ထို့အတွက် စာတော်သော မေ့ကို အလွန်မျက်နှာသာ ပေးကြသည်လေ ။ မကျန်းမာတဲ့သူလေးမိ​ု့ အချစ်ပိုကြကာ ဂရုစိုက်ကြရင်း မောင့်ကို တဖြေးဖြေးမေ့လာကြသည်ထင်။

အစပိုင်းက သိပ်မသိသာပေမယ့် မောင်ကတော့ သတိထားမိလာတယ် ။ မေနဲ့ ကလေးတို့ သဘာဝ ရန်ဖြစ်လို့ မောင် မှန်နေရင်တောင်မှ မောင့်ကိုပဲ ဖိဆူကြတာ၊ ရိုက်ကြတာ မေစိတ်ကျေနပ်ဖို့ပေါ့ ။ မေလေးအတွက်​တော့ ချော့မြူစရာတွေပဲ ရခဲ့တာပါ။ နောက်ပိုင်းမှာတော့ မောင် ဘာမှ ဖြေရှင်းမပြဘဲ မထုံတတ်တေး နေတတ်လာတဲ့ အကျင့်လေး ပေါ်လာတော့တာပဲ ။

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now