part (11)

11.6K 840 2
                                    

Unicode

လူနာများနှင့် ရှုပ်ယှက်ခတ်နေခဲ့သော လောင်းရိပ်ရဲ့ နေ့စဥ်ဘဝထဲမှာ မောင့်ကို အတတ်နိုင်ဆုံး မေ့ထားခဲ့သလို မေလေးကိုတော့ အချိန်ရရင် ရသလို တွေးထားမိပါ၏ ။ ပြန်လာရင် အဖြေရတော့မည် ။
ဘယ်လို ချစ်ခွင့်ပန်ရမလဲပါ စဥ်းစားပြီး စီစဥ်ထားသည်မို့ ရေကန်အသင့် ကြာအသင့်ပင် ။

"ဟယ်လို ကိုကို "

တွေ့ချင်လွန်း၍ မနေနိုင်မထိုင်နိုင် မြင့်မိုရ်ကို အပူကပ်ပြီး မြင့်မိုရ်ဖုန်းဖြင့် video called ခေါ်ရလေသည်။ မေလေးဖုန်းက သိပ်မကောင်းဘူးလေ ။

"မေလေး.ဝလာလိုက်တာ ပါးလေးတွေ ဖောင်းလာတယ် "

"ဟုတ်တယ် ဟီးဟီး...ခုတလော အများကြီး စားနေလို့ ၊ မောင်ရောပဲ ဒီမှာ..."

လောင်းရိပ် phone screen ပေါ်တွင် မောင့်မျက်နှာလေးပေါ်လာလေသည်။ တစ်ခဏ... ခဏလေးပါပဲ ။ ထို့နောက် မေ့မျက်နှာလေး ပြန်ပေါ်လာသည်။

"ဒါဆို ပါးချိုင့်လေး ပျောက်ကုန်ပြီထင်ပါတယ်ကွာ "

"မပေျာက်ပါဘူး ဒီမှာကြည့် "

မေက သူ့မ ပါးချိုင့်လေးနှစ်ဖက်ပေါ်အောင် ပြုံးပြနေသည်။ ဘယ်လိုနေနေချစ်ဖို့ကောင်းတာကတော့ မောင်နှမ နှစ်ယောက်လုံးပင်။

"ပြန်လာရင် ကိုကိုတော့ အရင်က ကိုကိုမဟုတ်တော့ဘူးနော်"

"ဟမ်...ဘာလို့လဲ "

"မေလေးရဲ့ ချစ်သူဖြစ်တော့မှာလေ "

"အာ....ကိုကိုကလည်း ဘာလို့ ခုချိန်ကြီးပြောတာလဲ ၊ဘေးမှာ ဦးမြင့်မိုရ်ကော မောင်ကော ရှိနေတာကို ၊ ပတ်ဝန်းကျင်ကို မကြည့်ဘူးနော်"

"ကိုကိုမှ မမြင်ရတာ "

"မသိဘူးကွာ မပြောတော့ဘူး ၊ မောင်နဲ့ပဲ ပြောလိုက် "

ရှက်ရမ်းရမ်းသွားတဲ့ ကောင်မလေးကတော့ ဖုန်းကို မောင့်လက်ထဲ ထည့်လိုက်လေသည်။
Screenပေါ်တွင် ကြောင်တောင်တောင် မျက်နှာဘေးလေးဖြင့် မောင် ။

"အယ်....အဲ့တာဆို ဒါပဲနော် ဦးရိပ် "

"အင်း "

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now