part (15)

12.7K 899 49
                                    

Unicode

ငြိမ်သက်နေသော ကန်ရေပြင်ကြီးကို ငေးကြည့်နေကြသော လူနှစ်ယောက် ။ ကန်းဘောင်ဘေး ခုံတန်းလေးတစ်ခုပေါ် ထိုင်ရင်း လှုပ်ရှားမှုလည်း မရှိသလို စကားလည်း မပြောဖြစ်ကြသေးပေ ။
ကန်ထဲရှိ ကြာရွက် စိမ်းစိမ်းပေါ် ပေါက်နေသော ပဒုမ္မာကြာပန်းတို့၏ အလှကိုသာ စေ့စေ့ကြည့်နေမိပါ၏ ။

"ဦးရိပ် ပြောစရာ ရှိတယ်ဆို "

ငြိမ်သက်မှုကို ဖြိုခွင်းလိုက်သူက မောင်ပါလေ ။ ဒီတိုင်းသာ ဆက်ထိုင်နေရင် ခဏနေ လူရှုပ်လာတော့မည် ။ ပြောရခက်သည့်စကားဆိုရင် လူထူထူကြောင့် ခက်ပေလိမ့်မည် ။

"အင်း...ငါတို့ လက်ထပ်မယ့်ကိစ္စ ပြောချင်လို့ "

"ဟုတ် ပြောပါ "

"ငါ ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ပြီး အတူတူနေဖို့ဆိုတာ တွေးမကြည့်ဖူးဘူး ၊ ပြီးတော့ အဲ့လိုလည်း မနေချင်ဘူး "

"...."

မောင် ဘာတစ်ခွန်းမှ မပြောဘဲ လောင်းရိပ် စကားကိုသာ သေချာအာရုံစိုက်နေပါသည်။

"ငါ့အတွက် ဒါက တကယ်ကို ခက်ခဲတယ်"

အင်းပေါ့လေ ။ ဦးရိပ်အတွက် ခက်ခဲလောက်မှာပေါ့ ။ အစကတည်းက gay တွေကို မုန်းတဲ့သူတစ်ယောက် ။ဒါဆို လိင်တူ လက်ထပ်တာကိုလည်း.မုန်းနေမှာပဲ ။
ပြီးတော့သူချစ်တဲ့သူကို သတ်ခဲ့တဲ့ မောင်နဲ့ လက်ထပ်ရမှာလေ.။

"ဒါကြောင့် ငါတို့ တစ်ခုလောက်.ညှိရအောင် "

"ဟုတ်ကဲ့ "

"ငါ... မင်းနဲ့ တစ်သက်လုံးတော့ မပေါင်းနိုင်ဘူး... "

ထိုမျှသာ ​ပြောပြီး ခဏရပ်သွားသည် ။ မောင် ထင်ပြီးသားပါ ။ ကိုယ်မချစ်မနှစ်သက်တဲ့သူနဲ့ တစ်သက်လုံး အတူနေနိုင်ဖို့ဆိုတာ အလွန်ခက်သည်ဆိုတာ မောင် သိပါသည်။ ဖခင်၏ နောက်ဆုံးတောင်းဆိုမှုကို လိုက်လျောချင်၍သာ မောင့်ကို လက်ထပ်ရသည်ဆိုတာလည်း မောင်သိသည်။
ဦးရိပ် အကယ်၍ ထိုသို့ပြောလာနိုင်သည်ဟု တွေးကာ စိတ်ကို ပြင်ဆင်ထားခဲ့သော်လည်း....လက်တွေ့ ရင်ဆိုင်လိုက်ရတော့ ရင်ဘတ်ထဲမှာ နာသည်။ ခံရခက်နေသည့် ခံစားချက်မျိုးပင် ။
ဒါပေမယ့် နာကျင်မှုတွေနဲ့ နေသားကျနေတဲ့ မောင့်စကားသံတို့ကတော့ တုန်လှုပ်မှုမရှိ ၊ အေးစက်သာ နေပါ၏။

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now