part (33)

12.4K 712 10
                                    

Unicode


"မောင် ဆေးစစ်ကြည့်သင့်တယ်လို့ ထင်လား "

"ဘာလို့လဲ "

"ညက ငါ အကာအကွယ် မသုံးလိုက်ရဘူး "

ဖူး....!!

ပါးစပ်ထဲ ငုံထားသော ရေတို့ အပြင်သို့ အတိုင်းအဆမရှိ လွင့်ထွက်သွားပါတော့၏ ။

ရုံးခန်းထဲ၌ လောင်းရိပ်နှင့် မြင့်မိုရ် နှစ်ယောက်သား ထမင်းစားပြီးသဖြင့် မြင့်မိုရ် ရေသောက်နေခြင်းပါလေ ။
သောက်နေစဥ် ပြောလိုက်သည့်က ထိတ်လန့်ပြာယာ ။

"လောင်းရိပ်...ခွေးကောင် အဲ့တာကို ငါ့ကို ပြောစရာလား "

"မင်းပဲ ငါဘာပြောပြော နားထောင်ပြီး ဆွေးနွေးပေးပါ့မယ်ဆို ဆရာဝန်အနေနဲ့ တိုင်ပင်လို့ ရပါတယ်ဆို "

"ဟုတ်ပါတယ် ပြောခဲ့ပါတယ် ပြီးတော့...မောင့်အကြောင်း ပြောမယ်ဆို နည်းနည်းလေး အစပျိုးပြီးမှ ပြောပါလို့လည်း.တောင်းဆိုခဲ့ပါတယ် "

"Sorry... မေ့သွားတယ် "

"နောက် တစ်ခါ.မမေ့နဲ့ ၊ ငါ ရင်တုန်လွန်းလို့ "

"ပြီးမှ တုန်ကွာ ငါမေးတာ ဖြေဦး "

"မင်းကိုယ်မင်း လိပ်ပြာလုံတယ်မလား "

"ဒါပေါ့ ငါက ခြင်မ တောင် မသန်းဘူးတဲ့ လူပျိုစစ်စစ် ၊ ကျန်းမာကြံ့ခိုင်တဲ့ လူပျိုစစ်..စ်..."

"တော်တော့ တော်တော့ ၊ သိတယ် အဲ့လောက် မကြွားစမ်းနဲ့ "

"ဒါဆို ဆေးမစစ်ရတော့ဘူးလား "

"မသိဘူးကွာ ၊ မင်းသဘော မင်းသဘော "

"စိတ်ကလည်း ရှည်ကို မရှည်နိုင်ဘူး ဒါလေးမေးတာကို "

"ကျွန်တော့်ကိုလည်း အားနာပါဦး အိမ်ထောင်သည်ကြီးရယ် "

"ဟုတ်သားပဲ...မင်းက ချိန်ပါဖြစ်နေတုန်းဆိုတာ မေ့သွားတယ် ငါ round လှည့်လိုက်ဦးမယ်ကွာ ဘိုင့်ဘိုင် "

မြင့်မိုရ်ကို ပြောခွင့်မပေးဘဲ ဆက်တိုက်ပြောကာ ward ထဲသို့ ထွက်သွားပါသော လောင်းရိပ်အား.အသံတိတ် ဆဲနေမိသည် ။
ထို့နောက် တာဝန်ကျရာ OPT ထဲသို့ သွားလိုက်တော့သည် ။

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now