Extra 🎄🎄🎄

12.7K 604 11
                                    

Unicode

"ဟိုး.....နိုး...နိုး "

တားလိုက်သည့် အသံစူးစူးလေးက အိမ်အပြင်ကပင် ကြားနေရသည် ။

"ဒိုဒို...ကြိုက်ဘူး "

ငြင်းဆိုနေသည့် တီတီတာတာ အသံလေးက စူပုပ်နေသည့် နှုတ်ခမ်းလေးမှ ထွက်လာသောကြောင့် လုံးလုံးထွေးထွေး ။
သေချာပြီ ။ မကြာခင် ရန်ဖြစ်တော့မည်။

"မကြိုက်လည်း စားရမယ်လေကွာ ဒါမှ ကြီးလာရင် ချောမှာ "

"ဟင့်.... ကြိုက်ဘူး...ဒိုဒိုကြိုက်ဘူးဆိုနေ"

"မစားရင် ကြောင်ကြီး ကိုက်မှာနော် "

"ဟင့်....ဒိုဒို ကြိုက်ဘူးဆို..."

"မောင်ရာ ကလေးမ​ကြိုက်လည်း ဆက်မကျွေးပါနဲ့တော့"

အမြဲအလိုလိုက်နေတတ်သော လောင်းရိပ်၏ အသံက တံခါးဝမှ ပျံလွင့်လာတော့ ကလေးလေးက လောင်းရိပ်၏ ခြေသလုံး တစ်ဖက်ကို အပြေးလေး လာဖက်သည် ။
ဆေးရုံက ပြန်လာပြီကိုး ။

"ဦးရိပ်က အမြဲလိုက်ကာနေတာပဲ အဲ့ဒါကြောင့် ဒိုဒိုက ရောင့်တက်နေတာ "

"ဒီအရွယ်က အတင်းအကြပ်လုပ်လို့ မရဘူးလေ မောင်ရယ် "

ခြေသလုံးကို မလွတ်တမ်း ဖက်ထားသော ကလေးအား ကောက်ချီလိုက်ပြီး ပေရေနေသော နှုတ်ခမ်းတစ်ဝိုက်ကို လက်ဖြင့် သုတ်ပေးလိုက်သည် ။

"မလုပ်ပါဘူး ဒိုဒိုကိုက ဂျစ်တိုက်နေတာ "

"ဟုတ်ဘူး ဒိိုဒို လုပ်ဘူး"

လက်ကလေး နှစ်ဖက်ကို ယမ်းလျက် သူ့အပြစ်မဟုတ်ကြောင်း ပြောနေပုံက ချစ်စရာကောင်းလွန်းလှသဖြင့် ဒိုဒို၏ ပါးနုနုလေးကို လောင်းရိပ် နမ်းပစ်လိုက်သည် ။

"ကလေးဖြစ်ပြီး ညာရင် ညကျ ကြောင်ကြီးကိုက်မှာ "

"ဟင့်...ဒိုဒို ကြောက် "

ဒိုဒိုက လောင်းရိပ်၏ လည်တိုင်ကို ကုပ်တွယ်ပြီး အပေါ်သို့ တိုး၍သာ တက်နေတော့သည် ။

"မောင်..... ကလေးကို မစနဲ့တော့ကွာ "

လောင်းရိပ်နှင့် ဒိုဒို့ကို ကြည့်နေသည့် မောင်ကတော့ တဖြေးဖြေး နှုတ်ခမ်းစူလာလေပြီ ။

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now