part (22)

13.3K 808 25
                                    

Unicode

"စစ်စတာကြီး မြန်မြန်ပင်စင်ယူပါစေ"

"စစ်စတာကြီး.မြန်မြန်ပင်စင်ယူပါစေ "

သူနာပြု(အစိမ်းဝတ်) ဆရာမကြီး ၏.ရုံးခန်းထဲတွင် စာရင်းဖိုင်တွဲ အပုံကြီးကြား.ထိုင်၍ မကြောက်မလန့် ဆုတောင်းနေသော မောင်နှင့် သော်တာ ။

( A/N: ion တို့ ဆေးရုံမှာတော့ စစ်စတာကြီး သို့မဟုတ် ဆရာမကြီး ၊ အစိမ်းဝတ်ကြီးလို့ ခေါ်ပါတယ် သူနာပြုဆရာမကြီးပါ)

စစ်စတာကြီးက အစည်းအဝေး သွားနေသော ကြောင့်သာ ပြောရဲခြင်းလည်း.ဖြစ်ပါ၏ ။

Medical record တစ်နှစ်စာအား ဖိုင်တွဲသည့်ပုံစံ အကုန်လုံးကို ပြန်ပြင်မည်ဆိုကာ ရုံးအကူဖြစ်သော မောင်နှင့် သော်တာတို့အား.ခိုင်းသဖြင့် ရုံးခန်းထဲတွင် လချုပ်စာရင်းများအား ပြန်၍ စစ်ကာ ခွဲထုတ်နေရခြင်းဖြစ်သည် ။ ပြီးလျှင် နှစ်ချုပ်ပြန်လုပ်ရဦးမည် ။

{A/N.... medical record ဆိုတာ ဆေးရုံဆင်းလူနာတွေကို သူ့အမျိုးအစားအလိုက် ခွဲပြီး လအလိုက် စာရင်းလုပ်ရတာမျိုးပါ
အမျိုးအစားတွေက များပါတယ်
အကြမ်းဖျင်းအားဖြင့် covid လူနာ ၊ exp: (သေဆုံးလူနာ) ၊ P/C (အမှုခင်း ဖြစ်တဲ့ လူနာ) ၊ D/C (ဆရာဝန် ခွင့်ပြုချက်ရပြီးဖြစ်တဲ့ ဆေးရုံဆင်းလူနာ ၊ refer (အခြားဆေးရုံကို ပြောင်းတဲ့လူနာ ၊ ပြီးတော့ အတိုကောက်မေ့နေလို့ (ဆရာဝန် ခွင့်ပြုတာမဟုတ်ပဲ ကိုယ့်သဘောနဲ့ကိုယ် ဆေးရုံဆင်းခွင့် တောင်းတဲ့လူနာ) ...
Ion သိတဲ့ ဆေးရုံမှာတော့ အဲ့လိုခွဲပါတယ် ၊ ပြီးတော့ computer ထဲမှာပါ မှတ်ရပါတယ် ၊ ကျန်တဲ့ဆေးရုံတွေတော့ မသိပါဘူး ၊ အကယ်၍ လွယ်ချော်ခဲ့သည် ရှိသော် ion ရဲ့ အမှားပါ....
နှစ်ရက်လောက်သာ ကူညီပြီး.လုပ်ပေးဖူးခဲ့တာမို့ မသိတာတွေ ရှိပါသေးတယ်...}

"မောင်...စစ်စတာကြီးရဲ့ အသက် ဘယ်လောက်ရှိပြီလဲ "

"၅၄ ထင်တယ် "

"သူက တခြားကို ပြောင်းမယ့် အသံလေး မကြားမိဘူးလား "

"ဒီမြို့မှာပဲ ပင်စင်ယူသည်ထိ နေမယ်တဲ့ ၊ သူက ဒီမြို့နယ်တဲ့ထဲက မြို့တစ်ခုမှာ နေတယ်ဆိုပဲ "

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now