part (35) End

20.2K 778 9
                                    

Unicode

လူတိုင်းလူတိုင်း သူတို့ ပြိုလဲသွားတဲ့အချိန် နားခိုလို့ရမယ့် ရင်ခွင်တစ်စုံတော့ ပိုင်ဆိုင်ချင်ကြမှာပဲလေ ။
ဒါပေါ့...။ မောင်လည်း ပိုင်ဆိုင်ချင်ခဲ့တာပေါ့ ။
ပြိုလဲမိတိုင်း မောင်ရဲ့ အနောက်ကို ပြန်ကြည့်လိုက်တယ် ။ဟုတ်တယ် ။ ဘယ်သူမှ မရှိဘူး ။ ထူပေးမယ့်သူ ဘယ်သူမှ မရှိခဲ့ဘူး ။
ဒါပေမဲ့ မောင့်ကို ကံတရားက အဲ့လောက်ကြီး မရက်စက်ချင်ဘူး ထင်ပါရဲ့ ။
မောင့်အတွက် ရင်ခွင်တစ်ခုကို ဖန်ဆင်း ပေးတယ် ။
နားခိုခွင့် အပြည့်အဝ ရှိမယ့် ရင်ခွင်ပေါ့ ။

ခိုလုံရတာတောင် ခဏလေးပဲ ရှိသေးတယ်... အဲဲဒီ ရင်ခွင်နွေးနွေးလေးကို စွန့်ခွာရက်ပါ့မလား ...
တတ်နိုင်သလောက် ဖမ်းဆုပ်ထားမှာပေါ့...
ဒါကြောင့် လက်လျှော့ချင်နေခဲ့တဲ့ မောင့်ရဲ့ဘဝ... ၊ အသက်...၊ စိတ်ဒဏ်ရာ.... အရာရာကို သူနဲ့အတူ ရင်ဆိုင်ဖို့ မောင် ရွေးချယ်လိုက်တော့တယ်....
....

"မောင် လမ်းလျှောက်လို့ မရသေးဘူးလား "

"အင်း "

"ကျောက်ပတ်တီးကို လက်ရော... ခြေထောက်ကို အတူတူဖြည်တာပါ...
ဒါပေမယ့် ဖြည်ပြီးကတည်းက လက်ကိုကျ လှုပ်ခိုင်းပြီး ခြေထောက်ကိုကျ လမ်းမလျှောက်ခိုင်းတာ ၁လလောက် ရှိနေပြီနော် ဦးရိပ်...
ဒါ ပုံမှန်မဖြစ်နိုင်ဘူး "

မောင်၏ ကျောပြင်နှင့် ဒူး​ေကာက်ကွေးမှ မပြီးချီထားသော လောင်းရိပ်၏ လည်တိုင်ကို လက်တစ်ဖက်ဖြင့် ချိတ်တွယ်ထားနေရင်းကနေ မယုံသလိုလိုဖြင့် စိုက်ကြည့်နေသည် ။

"တကယ်ပေါ့ ကိုယ်က ဆရာဝန်ပဲလေ ဆရာဝန်က ညာစရာလား "

အနိမ့်အမြင့် အတက်အကျ မညီသော စကားသံ နှင့် မျက်လုံးချင်း ဆုံအောင်မကြည့်ဘဲ ပြောနေသည်က လောင်းရိပ်ကို ပို၍ သံသယဝင်စေပါသည် ။

"တကယ်လား "

" တကယ်ပါဆို...နေ..."

"အဲ့တာဆိုလည်း ပြီးတာပါပဲ အခုတော့ ရေချိုးတော့မှာမလို့ ရေချိုးခန်းထဲက ထွက်ပေးတော့ "

"ကိုယ် ချိုးပေးလို့ မရဘူးလား "

မျက်နှာချိုသွေး၍ ပြောနေသော လောင်းရိပ်အား ခပ်တည်တည်ဖြင့်သာ ကြည့်လိုက်ပြီး

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now