part (3)

11.1K 950 37
                                    

Unicode

"မေ..ပေးကွာ ဒါမောင့်ဟာ"

"မပေးပါဘူး ၊ မေလိုချင်တယ် ၊ မေ့ကိုပေး"

"မေက မရိုသေဘူးလေ ၊ မေ့ဟာကိုလည်း မေပဲ ဖျောက်ပစ်တာမဟုတ်ဘူးလား"

ဆေးရုံပန်းခြံထဲမှာ ကစားနေရင်း မောင့်အရုပ်ကို မေက ဆွဲလုပြီး မပေးသဖြင့် မောင်ဒေါသထွက်နေသည်။ အရုပ်ကလေးအား တစ်ယောက်တစ်ဖက်စီ ဆွဲရင်းမှ မောင်က အားဖြင့် ဆွဲလိုက်ရာ အားမရှိသော မေမှာတော့မြေကြီးပေါ်သို့ ဖင်ထိုင်ရက်လဲကျသွားလေသည်။ ထောက်လိုက်သော လက်ကလည်း အောက်တွင်ရှိသော ကျောက်ခဲနှင့် ခိုင်းမိပြီး သွေးစလေးများပင် ထွက်လာသည်။
မေငိုပါပြီ။ အကျယ်ကြီးငိုတာပါ။
ဆရာဝန်ကြီး အိမ်ထဲတွင် စာဖတ်နေသော လောင်းရိပ်ပင် အသံကြား၍ ပြေးထွက်လာခဲ့သည်။

"မေ...မေ ဘာဖြစ်တာလဲ ၊ ဘာဖြစ်လို့လဲ ၊ ဘာလို့ငိုနေတာလဲ"

လောင်းရိပ်က မေ့အား ဆွဲထူစေပြီး သူက မြေပြင်ပေါ်သို့ ထိုင်လိုက်ကာ မေ့ကို သူ့ပေါင်ပေါ်တွင် ထိုင်စေ၏။ မောင်က သူတို့နားမှာ အရုပ်ကလေးကိုင်နေရင်း မတ်တတ်ကလေးရပ်နေမိသည်။ အပြစ်လုပ်မိထားတဲ့ ကလေးလေးလို ။

"ကိုကို.. မောင်ကလေ မေ့ကို လုပ်တယ်၊ ဒီမှာ သွေးတွေ ထွက်ကုန်ပြီ "

"တိတ်ပါ မေရယ် ၊ မငိုပါနဲ့ ၊ မေက လိမ္မာပါတယ်"

"မောင်က မောင်က အနိုင်ကျင့်တယ်... ဟင့်"

ပြောကာ ထပ်အော်ငိုနေသော မေ့အား လောင်းရိပ် ဖက်ထားလိုက်ပြီး ​ေမ့မျက်ရည်များကို သုတ်ပေးနေသည်။

"မငိုပါနဲ့ မေရဲ့ မငိုနဲ့တော့နော် ၊ မေ မငိုအောင် ကိုကိုဘာလုပ်ပေးရမလဲ ပြော"

"မောင့်ကို ရိုက်"

အလိုလိုက်ထား၍ ဆိုးချင်တိုင်းဆိုးနေသော မေကတော့ လောင်းရိပ်ကိုလည်း ဆိုးနေပြန်ပါပြီ။

"မဟုတ်ဘူး ဦးရိပ် ၊ မောင်မလုပ်ဘူး "

"မောင်က အဲ့လိုပဲပြောတာ မေ့ကို သူက နာအောင်လုပ်တာ ၊ မေက ခြေထောက်မကောင်းတာကို သိရဲ့သားနဲ့ကို..... အဟင့်.."

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now