part (5)

11.4K 920 9
                                    

Unicode

အဝေးနေရာမှာ ရန်ထပ်ဖြစ်နေတဲ့ မောင်နှမနှစ်ယောက်ကို လောင်းရိပ်တွေ့ရပြန်ပါပြီ ။
ဒီတစ်ခါတော့ နည်းနည်း.ရုန်းရင်းဆန်ခတ်နိုင်နေသည်။ ပစ္စည်းလေးတစ်ခုကို ထပ်လုနေကြပုံပင် ။
ထို့နောက် မောင်က မေ့လက်ထဲမှ ပစ္စည်းလေးအား ဆွဲယူ၍ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ဖန်ပုလင်းလေးဖြစ်ပုံရပါသည်။ မြေပြင်အမာကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲကျေသွားပါ၏ ။
အနည်းငယ်ဝေးနေသော အကွာအဝေးကြောင့် သူတို့အသံကို သဲသဲကွဲကွဲမကြားရသေး ။ အနားသို့ရောက်တော့ မေ၏ ငိုသံကိုသာ ကြားရလေသည် ။

"မောင်နဲ့မေ ရန်ဖြစ်နေကြပြန်ပြီလား "

"ကိုကို..မောင်က ဖန်ပုလင်းလေးကို ခွဲပစ်လိုက်ပြီ...."

ပြောရင်းဆက်ငိုနေသည့် မေက လောင်းရိပ်ဘက်သို့ တိုးလာလေသည်။ မောင်ကတော့ ရပ်မြဲရပ်နေသည်သာ။

"ကိုယ်မြင်တယ် မေ ၊ မေလည်းမငိုနဲ့တော့ ၊ ဘာဖြစ်တာလဲ ကိုယ့်ကို ပြောပြ "

"ပြောလိုက်လေ မေ ၊ နင့်ရဲ့ အလိမ်အညာတွေကို ပြောလိုက် ၊ အငယ်မို့ သနားလို့ သည်းခံနေတာ အကောင်းမှတ်မနေနဲ့ ၊ ပြောလိုက်လေ ၊ ဘာလို့ငိုနေသေးတာလဲ ငိုဖို့ပဲ တတ်တာလား."

မောင့်ရဲ့ စကားတွေထဲမှာ ဒေါသရိပ်တွေပါနေသလို မေ့ပုခုံးအား သူ့လက်ကလေးများဖြင့် ကိုင်လှုပ်ကာ ပြောနေသည်။
နာ၍ ထင်ပါသည်။ မေက ပိုငိုလေတော့ လောင်းရိပ်လည်း ဝင်ဆွဲကာ

"မောင်... တော်တော့ကွာ "

မောင့်လက်တို့ကို ဖြေချပြီး မေ့အား လောင်းရိပ် ဆွဲကာ သူ့အနောက်သို့ ပို့လိုက်ပြီး

"ဘာဖြစ်တာလဲ အကြောင်းစုံကို ကိုယ့်ကိုပြောပြ... မောင်ကစိတ်လျှော့ ၊ မေလည်း မငိုနဲ့တော့ ဟုတ်ပြီလား "

"ကိုကို....မောင်ကလေ..."

"မေရာ .....မေ့စကားပဲ နာထောင်ပေးကြတာပဲကို ဘာလို့ ရှင်းပြနေသေးတာလဲ ၊ မေပဲ မှန်တာလေ ၊ မောင်က အမြဲမှားနေတာပဲကို ၊.....
ဟုတ်တယ် ဦးရိပ် ၊ မောင် မေ့ကို အနိုင်ကျင့်တာ ၊ မေ့ပုလင်းကို မောင်ခွဲပစ်တာ ၊ အမြင်ကတ်လို့ "

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now