part (31)

12K 748 3
                                    

Unicode

အဝတ်ပေများကို လျှော်ရန်အတွက် လိုက်စုနေရသည့် မောင် ။ အနည်းငယ်တော့ ငြီးတွားမိသည် ။ အကြောင်းမှာ အဝတ်တွေ များလွန်းခြင်းကြောင့်ပင် ။
မငြီးတွားမိဖြစ်တာတောင် ကြာခဲ့ပြီ ဖြစ်သော်လည်း စိတ်အခြေအနေက မေပြန်လာသည့်နောက် အနည်းငယ်တော့ တက်ကြွလာသည် ။ ဘာမဆို မထုံတတေးနှင့် မငြီးမတွား သိမ်းကျုံးလုပ်တတ်သော မောင်က အခုနည်းနည်းတောင် ပြောင်းလဲလာသလိုပါပင် ။

လောင်းရိပ်၏ အကျီအိတ်ကပ်တွေထဲ စစ်ကြည့်သည် ။ တခါတလေ လောင်းရိပ်က ထိုအိတ်ကပ်တွေထဲသို့ ဆေးစာရွက်တွေ ထည့်တတ်သလို အပေါင်းအသင်းများအား လိုက်ကျွေးတတ်သဖြင့် သူရှင်းရသည့် ဘောင်ချာစာရွက်များလည်း ထည့်ထားတတ်သည် ။
တခါတလေ မဟုတ်ပါ ။ မောင် အမြဲစစ်ကြည့်ရခြင်းပါလေ ။

"ဒါက...."

ညဝတ်အကျီတစ်ထည်၏ အိတ်ကပ်ထဲတွက် စာရွက်တစ်ခု တွေ့လိုက်ရသဖြင့် မောင် ထုတ်ကြည့်လိုက်သည် ။
ဘဘဆရာဝန်ကြီး ရေးခဲ့သော သေတမ်းစာ စာရွက်ပဲ ။မနက်က တိုင်းရုံးမှ လူကြီးလာ၍ လောလော လောလောနှင့် ဆေးရုံသို့ သွားလိုက်ရသဖြင့် လောင်းရိပ် သိမ်းရန် မေ့နေပြန်ပြီ ထင်ပါ၏ ။

"ဖွင့်ကြည့်လိုက်ရမလား
၊ မဖတ်ဘဲ နေရင် ကောင်မလား "

ဘာကြောင့်မှန်းမသိ ။ ဖွင့်ဖတ်ချင်နေသလို တွန့်ဆုတ်နေမိသည် ။
လက်တို့က အလိုအလျောက် စာရွက်ကို ဖွင့်မိလိုက်ချိန် မျက်လုံးတို့ကတော့ မကြည့်ရဲသေးပါလေ။
မှိတ်ထားသော မျက်ဝန်းအစုံကို တစ်ဖက်ဖွင့်ကာ ကြည့်လိုက်သည့်အခိုက်
လက်ထဲမှ ဖြတ်ခနဲ အလုခံလိုက်ရပါသည် ။ လုယူလိုက်သည့် လူကတော့ လောင်းရိပ်ပဲပေါ့ ။

"ဦးရိပ် ဒါက ဘဘဆရာဝန်ကြီး ရေးခဲ့တဲ့စာမလား "

လောင်းရိပ် ပြန်မဖြေဘဲ မောင့်အား တိတ်ဆိတ်စွာ ကြည့်နေသည် ။ မောင့်ကို မသိစေချင်သည့် အကြောင်းအရာကို ဖုံးကွယ်ထားချင်သည့် မျက်ဝန်းများဖြင့် ကြည့်နေပါသည် ။

"မောင့်ကို မသိစေချင်ဘူးလား "

"........"

ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းပင် မည်လိမ့်မည် ။

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now